Thailand International Motor Expo ကျင်းပ

နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Thailand International Motor Expo ကို ဒီနှစ်မှာလဲ 32 ကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Forum မှာ ကျင်းပခဲ့ပါတယ်.။ နိုင်ငံပေါင်း 11 နိုင်ငံမှ ကမ္ဘာကျော် ကားအမှတ်တံဆိပ်များဖြစ်တဲ့ Toyota, Nissan, Lexus, Honda, Suzuki, Mazda, Lamborghini, Subaru, BMW, Mercedes-Benz, Porsche, McLaren, Hyundai, Chevrolet, Jaguar, Land Rover, Ford, Mini, MG နှင့် Volkswagen တို့အပြင် မော်တော်ဆိုင်ကယ် ကုမ္ပဏီများဖြစ်ကြသော Harley Davidson, Yamaha, Kawasaki အစရှိတဲ့ အမှတ်တံဆိပ်ပေါင်း (၃၃) ခုအထိ လာရောက်ပြသကြတာကို တွေ့ရပါတယ်.။ ဒီပွဲကြီးမှာ Concept ကား အသစ် (၄) မျိုး နဲ့ ကားမော်ဒယ်သစ် (၁၀) မျိုးကိုလဲ မိတ်ဆက်ပြသခဲ့တာကို တွေ့ရပါတယ်.။

Honda BR-V

02122015-Car-Honda-BRV_01
Honda ရဲ့ ကားမော်ဒယ်အသစ်ဖြစ်တဲ့ CR-V SUV ကားနဲ့ HR-V Crossover တို့ရဲ့ နာမည်ဆင်တူ မွေးချင်းအဖြစ် BR-V ကို ပွဲထုတ်မိတ်ဆက်ခဲ့တာကိုတွေ့ရပါတယ်.။ BR-V ဟာ Mobilio နဲ့ ဒီဇိုင်းပိုင်း ပိုမိုဆင်တူပြီး ပိုမိုကြီးမားတဲ့ ကိုယ်ထည်ရှိပါတယ်.။

Hyundai HED-9

640_2015120821134415
Hyundai ရဲ့ ကားမော်ဒယ်သစ်ဖြစ်တဲ့ HED-9 ဟာ ဂျာမန်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Handel Motor နဲ့ ဒီဇိုင်းပိုင်း ပူးပေါင်းထုတ်လုပ်ထားတဲ့ ကားတစ်စီးဖြစ်ပြီး Hydrogen Fuel Cell ကို အသုံးပြုထားတဲ့ လျှပ်စစ်ကား အမျိုးအစားဖြစ်ပါတယ်.။ ဒီကားရဲ့ ထူးခြားချက်ကတော့ မိနစ်အနည်းငယ် အားသွင်းရုံနဲ့ အားပြန်ပြည့်နိုင်စွမ်းရှိပြီး ကီလိုမီတာ ၆၀၀ ကျော် မောင်းနှင်နိုင်စွမ်းရှိပါတယ်.။

MG CS

640_2015120821100739
MG ကုမ္ပဏီရဲ့ CS မော်ဒယ်သစ်ဟာ ဗြိတိန်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး ရောင်းချမယ့် မော်ဒယ်ဖြစ်ပါတယ်.။ ပြိုင်ကားဆန်တဲ့ ဒီဇိုင်းနဲ့ ထူးခြားတဲ့ အသွင်သဏ္ဍန်ရှိပြီး ကားရဲ့ ရှေ့မီး၊ နောက်မီးများဟာ ဗြိတိန်နိုင်ငံ၊ သိန်းမြစ်ကမ်းမှာရှိတဲ့ The Shard of Glass အဆောက်အအုံကို အတုယူပြီး ဖန်တီးထားတာဖြစ်ပါတယ်.။
SUBARU Viziv 2 Concept

640_2015120821035615
SUBARU ကုမ္ပဏီရဲ့ Viziv 2 Concept ကားဟာ တံခါး (၅) ပေါက် Cross Over SUV ကားတစ်စီးဖြစ်ပြီး အားသွင်းနိုင်တဲ့ လျှပ်စစ်မော်တာပါဝင်တဲ့ Hybrid အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။ 1.6 li DIT အင်ဂျင် တပ်ဆင်ပါဝင်တဲ့ ဒီကားဟာ AWD ခေါ် လေးဘီးယက် အမျိုးအစားကားတစ်စီးဖြစ်ပြီး ဒီဇိုင်းပိုင်း ထူးခြားတဲ့ ကားတစ်စီးပဲဖြစ်ပါတယ်.။

Toyota FT-86 Open Concept

640_2015120821064917
တိုယိုတာရဲ့ ပြိုင်ကားအမျိုးအစားကားတစ်စီးဖြစ်တဲ့ GT-86 ကားရဲ့ အမိုးဖွင့်နိုင်တဲ့ ဗားရှင်း FT-86 ဟာ 2.0 liter ဂီယာ (၆) ချက်ထိုး Manual အမျိုးအစားဖြစ်ပြီး Auto Gear (၆) ဆင့်နဲ့လဲ မောင်းနှင်နိုင်ပါတယ်.။ ဒီဇိုင်းပိုင်းမှာဆိုရင် Coupe ဒီဇိုင်းပဲဖြစ်ပြီး ၂ ယောက်စီး အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။
Toyota ကုမ္ပဏီမှ ပြသမှုများ

IMG_20151209_122649 IMG_20151209_122654 IMG_20151209_122705 IMG_20151209_122711 IMG_20151209_122728 IMG_20151209_122734 IMG_20151209_122745 IMG_20151209_122750 IMG_20151209_122800 IMG_20151209_122807

 

Mercedes-Benz မှ ပြသမှုများ

IMG_20151209_123545 IMG_20151209_123558 IMG_20151209_123613 IMG_20151209_123653 IMG_20151209_123725

 

MINI ကုမ္ပဏီမှ ပြသမှုများ

IMG_20151209_123836 IMG_20151209_123852 IMG_20151209_123911 IMG_20151209_124226 IMG_20151209_124530

 

BMW ကုမ္ပဏီမှ ပြသမှုများ

IMG_20151209_125132 IMG_20151209_125222 IMG_20151209_125255 IMG_20151209_125317

 

McLaren ကုမ္ပဏီမှ ပြသမှု

IMG_20151209_125729

 

Honda ကုမ္ပဏီမှ ပြသမှု

IMG_20151209_130129

 

(ပုံများထပ်မံထည့်သွင်းပေးသွားပါဦးမည်)

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App