'ပ' အက္ခရာနောက်ပိုင်း နံပါတ်အနီကားများ အခွန်လျှော့နှုန်းထားဖြင့် ကားသစ်တင်သွင်းခွင့် ရမည်

ကားဟောင်းများ အပ်နှံရာတွင် 'ပ' အက္ခရာနောက်ပိုင်း နံပါတ်အနီနှင့် ကားများအားလုံးကို အငှားယဉ်အဖြစ် ပြန်လည် ပြုလုပ်လိုပါက အခွန်လျှော့ပေးပြီး ပြည်ပမှ ကားသစ်များ တင်သွင်းခွင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Eleven Media Group အရသိရှိရပါသည်။ ယခုကောက်ခံနေသည့် အခွန်နှုန်းများထဲမှ မည်သည့်အခွန်အား မည်မျှ လျှော့ချကောက်ခံမည်ကိုမူ တိတိကျကျ မသိရှိရသေးပါ။ အဆိုပါ သတ်မှတ်ချက်ထဲတွင် နံပါတ်အနီနှင့် မှတ်ပုံတင်ထားသော ကားများ အားလုံးပါဝင်မည်ဖြစ်ပြီး မီနီဘတ်စ် နှင့် Tour  ကားများပါ ပါဝင်သည်ဟု သိရပါသည်။

6794824883_673a45f76a_z-500x341

(Photo: Flickr)

ယခုစီစဉ်ထားသော စည်းကမ်းချက်များအရ အငှားယဉ်အဖြစ် ပြန်လည်တင်သွင်းမည့် ကားများအတွက် ၂၀၀၇ မော်ဒယ်အထက်၊ ဘယ်မောင်းဖြစ်ရန်လိုပြီး အရောင်သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အရောင်တစ်ရောင်တည်း သို့မဟုတ် ပြည်နယ်/တိုင်းဒေသကြီးအလိုက် တစ်ရောင်စီလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်တင်သွင်းမည့် ကားများအား နောက်ပိုင်းတွင် အိမ်စီးကားအဖြစ် ပြန်လည်ရောင်းစားခြင်းများ မပြုလုပ်နိုင်ရန် အငှားယဉ်အဖြစ်သာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး နံပါတ်ကိုလည်း အခြား အိမ်စီးကား နံပါတ်များနှင့် ကွဲပြားအောင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယခုလက်ရှိ အငှားကားအများစုမှာ ဟောင်းနွမ်းပျက်စီးနေကာ စီးနင်းသူများအတွက် သက်တောင့်သက်သာ စီးနင်းနိုင်မှုမရှိပဲ ဖြစ်နေသည်။ ကားတံခါးများ ပျက်စီးကာ အလွယ်တကူ ဖွင့်မရခြင်း၊ ကားထိုင်ခုံများ ပျက်စီးပေါက်ပြဲနေခြင်း၊ ကားဟူသော အင်္ဂါရပ်ဖြင့် မညီတော့သော ကားများကြောင့် ခရီးသည်များအတွက် အန္တရယ်ဖြစ်စေသည့်အပြင် လမ်းမအလယ်များတွင် မကြာခဏ ကားပျက်မှုများကြောင့် လမ်းပိတ်ဆို့မှုများလည်း အမြဲဖြစ်ပေါ်လျှက်ရှိသည်။

ယခုပြုလုပ်မည့် အစီအစဉ်ကြောင့် မြန်မာနိုင်ငံတွင် ပိုမိုသစ်လွင်ပြီး သက်တောင့်သက်သာ စီးနင်းနိုင်မည့် အငှားကားများ ပိုမိုများပြားလာနိုင်ပါစေဟု မျှော်လင့်မိပါသည်။

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App