ရန်ကုန်စည်ပင်နယ်နမိတ်တွင် စီးနင်းသွားလာသည့် ဆိုင်ကယ်များအား ထိရောက်စွာ အရေးယူဆောင်ရွက်မည်


motorbike

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ပြုထားခြင်းမရှိပဲ လိုင်စင်မဲ့ ဆိုင်ကယ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဆိုင်ကယ်စီးနင်းမှုကို ဌာနဆိုင်ရာဆိုင်ကယ်များကိုသာ စီးနှင်းခွင့်ပြုထားပြီး ဌာနဆိုင်ရာများဖြစ်သော စာပို့လုပ်ငန်း လျှပ်စစ်ဝန်ထမ်းများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ကယ်များကိုသာ စီးနင်းခွင့်ပြုထားသည်။ထိုသို့ စီးနင်းသွားလာရာတွင်လည်း ဌာနဆိုင်ရာ အမှတ်တံဆိပ်ကပ်၍ ယူနီဖောင်းဝတ်ဆင်ရမည်ဖြစ်ပြီး လူနှစ်ယောက်တင်ဆောင်စီးနင်းခွင့်မပြုကြောင်းသိရသည်။

"ရန်ကုန်မြို့မှာ လိုင်စင်မဲ့ မောင်းနှင်တဲ့ဆိုင်ကယ်တွေကို ထိထိရောက်ရောက်အရေးယူသွားမှာပါ။ အခုလည်း အရေးယူဖမ်းစီးတာတွေရှိပါတယ်။ သတ်မှတ်ထားတဲ့ ဌာနဆိုင်ရာတွေနဲ့ သတ်မှတ်ထားတဲ့ အတိုင်းမောင်းနှင်သွားလာရမှာဖြစ်ပါတယ်။" ဟုရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဌာနဆိုင်ရာများ ဆိုင်ကယ်စီးနင်းရာတွင် မိမိ သက်ဆိုင်ရာဝန်ကြီးဌာနတွင်အကြောင်းကြာားထားရန်လိုအပ်ပြီး သတ်မှတ်ချက်အတိုင်းသာမောင်းနှင်ရမှာဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး လိုင်စင်မဲ့ ဆိုင်ကယ်များကို မောင်းနှင်နေသည့်မြို့နယ်မှားမှာ မြောက်ဥက္ကလာပမြို့နယ် မင်္ဂလာဒုံမြို့နယ် လှိုင်မြို့နယ် ဒဂုံမြို့သစ်တောင်မြို့နယ် သင်္ယန်းကျွန်းမြို့နယ် သန်လျင်မြို့နယ် သာကေတမြို့နယ်များတွင် စီးနင်းသွားလာမှု အများဆုံးဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App