ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်ကားသစ် သိန်း(၈၀)နီးပါးဖြင့် စရောင်း

ပြည်တွင်း၌ တပ်ဆင်ထားသော ဆူဇူကီးပစ်ကပ်မော်တော်ယာဉ်သစ်များကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၇၈၇၅(ကျပ် ၇၈ သိန်းခန့်) ဖြင့် ဇွန်လ(၃၀)ရက်နေ့က စတင်ရောင်းချနေကြောင်း Myanmar Suzuki Motor Co.,Ltd. အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်ဦး ကပြောကြားသည်။

အဆိုပါဈေးနှုန်းမှာ မော်တော်ယာဉ်တန်ဖိုးအတွက်သာဖြစ်ပြီး ယာဉ်မှတ်ပုံတင်ခြင်းအတွက် ကုန်ကျစရိတ်များ မပါဝင်ကြောင်းသိရှိရသည်။ ယင်းတန်ဖိုးနှင့် က.ည.န ထံ ပေးသွင်းရမည့် အခွန်အခများ ထည့်သွင်းတွက်ချက်ပါက ကျပ်သိန်းတစ်ရာဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

[caption id="attachment_387033" align="alignnone" width="500"]SAF 2010 SAF 2010[/caption]

မော်တော်ယာဉ်အတွက် တစ်နှစ်(သို့)ခရီးမိုင် ၂၀၀၀၀ အထိ အာမခံပေးထားပြီး အင်ဂျင်ပါဝါ ၁၀၀၀ စီစီကားများဖြစ်ကာ အပိုပစ္စည်းများကိုလည်း ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဆူဇူကီးပစ်ကပ်ကားနှင့် ပုံသဏ္ဍန်တူသည့် ၆၆၀ စီစီရှိ ဂျပန်တစ်ပတ်ရစ်ကားတစ်စီးလျှင် ကျပ်သိန်း(၆၀)ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း မော်တော်ကားဈေးကွက်အတွင်းမှ သိရှိရသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ Myanmar Suzuki Motor ကုမ္ပဏီကို ပြည်တွင်း၌ တစ်လလျှင် မော်တော်ယာဉ်အစီးရေ(၁၀၀)ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်လုပ်ကိုင်ခွင့်ကို ယခုနှစ်ဇန်နဝါရီလမှ စတင်ခွင့်ပြုခဲ့သည်။

 

the_voice
The Voice Daily မှ ကူးယူဖော်ပြသည်။

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App