ကားမမောင်းခင် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ

safetyfirst1-924x462

ကားမောင်းခြင်းဟာ သိပ်ကို ဖိအားများလှပါတယ်။ အထူးသဖြင့် တခြားကားတွေ စည်းမဲ့ကမ်းမဲ့ မောင်းတဲ့အခါ ပိုပြီး စိတ်ရှုပ်ထွေးစေပါတယ်။ ဒါကြောင့်မို့ အန္တရာယ်နဲ့ မတွေ့ခင် ကြိုတင်ကာကွယ်နိုင်အောင် သင့်အတွက် လိုက်နာသင့်တဲ့ အချက်ကလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့စဉ် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးပါ။

ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပဲ သင့်ကားကိုလည်း မောင်းခါနီးမှ ကပြာကယာစစ်ဆေးတာမျိုးမလုပ်ပဲ နေ့စဉ်နေ့တိုင်း ဆီ ရေ ကားဘီးလေ ဘရိတ်ဆီ စသည်ဖြင့် အစအဆုံး စစ်ဆေးပေးပါ။ အမြဲတမ်း စမ်းသပ်မောင်းနှင်ကြည့်ပြီး သင်ကားမောင်းရတာ ပေါ့ပါးသွက်လက်မှု ရှိမရှိ အမြဲ မပြတ် စစ်ဆေးပေးပါ။

၂။ မျက်လုံးချင်း မဆုံမိအောင် သတိထားပါ

အချို့ ကားဒရိုင်ဘာတွေဟာ မျက်လုံးချင်း စုံမိတာနဲ့ ကားခြင်းယှဉ်ချင်စိတ်နဲ့ ဒေါသစိတ်တွေရှိတတ်ပါတယ်။ ဒါကြောင့်မို့ ဘယ်သူ့ကိုမစုံ ကားမောင်းသူအချင်းချင်း မျက်လုံးချင်း မစုံမိအောင် သတိထားပေးပါ။ ဒါမှ သင်ဟာ သူတို့ရဲ့ ဒေါသမီးပုံမဖြစ်စေမှာပါ။ အကယ်၍ မတော်တဆ ဖြစ်သွားခဲ့လျှင်လည်း လမ်းကြောင်း ပြောင်းလိုက်ပါ၊ အမြန်နှုန်းကို ပြန်လည် ထိန်းညှိလိုက်ပါ၊ သူတို့ရဲ့ လမ်းကြောင်းကနေ ချက်ချင်းသွေဖယ်ပေးလိုက်ပါ။

၎) ရှေ့ကားနဲ့ နီးနီးကပ်ကပ် ကပ်မလိုက်ပါနဲ့

ရှေ့ကားနဲ့ နီးနီးကပ်ကပ် နောက်ကလိုက်ခြင်းဟာ ကျိန်းသေပေါက် ကားမတော်မဆမှုဖြစ်စေပါလိမ့်မယ်။ အကယ်၍ သင်ကပ်လိုက်နေတဲ့ ကားက ဘာအချက်မှ မပြပဲ ရုတ်တရက် ဘရိတ်အုပ်လိုက်မယ်ဆိုရင် သင့်အတွက် ဘာပြင်ဆင်ချိန်မှ မရှိပဲ ရှေ့ကားဖင်နဲ့ ပြင်းပြင်းထန်ထန်ဆောင့်နိုင်ပါတယ်။ ဒါကြောင့် ရှေ့ကားနဲ့ ၂-၄ စက္ကန့်စာလောက် ခြားပြီး ခွာမောင်းပေးပါ။

၎။ အိပ်ငိုက်နေရင်း ဖြစ်ဖြစ် အရက်သေဆာသောက်စားနေလို့ဖြစ်ဖြစ် ခေါင်းမကြည်လို့ ဖြစ်ဖြစ် ကားမမောင်းပါနဲ့

အရက်သေစာ သောက်စားပြီး ကားမောင်းခြင်း ခေါင်းမကြည်ပဲ အိပ်ရေးမဝပဲ ကားမောင်းခြင်းတွေဟာ သင့်ရဲ့ အာရုံစူးစမ်းနိုင်မှုကို လျော့နည်းစေနိုင်ပြီး သင့်ရဲ့ လျင်မြန်မှန်ကန်စွာ တုံ့ပြန်နိုင်စွမ်း သင့်ရဲ့ မြင်နိုင်စွမ်းအားတွေ လျော့နည်းလာပြီး သင့်တွင်မကပဲ အခြား ကားမောင်းသူတွေကိုပါ အန္တရာယ်တောထဲ ဆွဲခေါ်သလို ဖြစ်စေပါတယ်။

၅) ကားမောင်းရင်း အာရုံများခြင်းကို လုံးဝရှောင်ကျဉ်ပါ

သင့်နဲ့အတူ လည်နေတဲ့ ဘီးတွေ အန္တရာယ်ကင်းစေဖို့ အာရုံစူးစိုက်စွာ ကားမောင်းခြင်းဟာ အဓိက အချက်ပါပဲ။ ရေဒီယို အိုင်ပေါ့ တွေကိုပဲ အာရုံစိုက်နေခြင်း ကားမောင်းနေစဉ် အစာစားခြင်း မိတ်ကပ်လိမ်းခြင်းတို့ကို လုံးဝမလုပ်ဆောင်ပါနဲ့။ သင့်ပတ်ပတ်လည်မှာ ရှိနေတဲ့ ကားများကို သေချာအကဲခတ်ပြီး အရှေ့ကိုကြိုမြင်နိုင်အောင် အရှေ့မှာ ဘာလုပ်သင့်လဲဆိုတာကို ကြိုတွေးပါ။ ကားထဲမှာ ရှိနေတဲ့အရာတွေကို ဂရုစိုက်တာထက် ကားပတ်ပတ်လည်က ရွေ့လျားလာသမျှ အရာတွေကိုသာ အာရုံစူးစိုက်ပေးပါ။

၆။ ဘေးဘယ်ညာ အကုန်ကြည့်ပြီး နားစွင့်ထားပါ

ဒီလိုပြောလိုက်ရင်တော့ သိပ်ကို ရိုးရှင်းသလိုပါပဲ။ ဒါပေမယ့် ကားသမားတော်တော်များများဟာ ကားကွေ့မယ် ပြန်လှည့်မယ်ဆိုရင် ဘေးဘယ်ညာ နှစ်ဖက်လုံးကြည့်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် သင်ကွေ့တော့မယ် ချိုးတော့မယ် လမ်းကြောင်းပြောင်းတော့မယ်ဆို လမ်းသွားလမ်းလာတွေ အနှေးယဉ်တွေ နဲ့ အခြားစည်းကမ်းမဲ့ကားတွေကို ဝင်တိုက်မှု မရှိအောင် စက္ကန့်အနည်းငယ် အချိန်ပိုပေးပြီး ကြည့်ပေးပါ။

၇။ အရှိန်ပြင်းပြင်း မမောင်းပါနဲ့

သင်မြန်မြန်မောင်းလေလေ သင့်အတွက် ရုတ်တရက် ပြန်လည်တုံ့ပြန်နိုင်မှု အတွက် ခက်ခဲလေလေပါပဲ။ အရှိန်ထိန်းဖို့ သတိပေးချက်တွေဟာ အလကားထားတာမဟုတ်ပါဘူး။ သတိပေးချက်တွေကို လိုက်နာပေးပါ။

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App