ကိုယ်ပိုင်ယာဉ်နံပါတ်အနက်မှ အငှားယာဉ်နံပါတ်အနီသို့ ပြောင်းလဲခြင်းကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် စလစ်ဈေးအနည်းငယ်မြင့်တက်

ရန်ကုန်၊ သြဂုတ်-၃

ကိုယ်ပိုင်ယာဉ်နံပါတ်အနက်မှ အငှားယာဉ်နံပါတ်အနီသို့ ပြောင်းလဲခွင့်ကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် စလစ်ဈေးများ အနည်းငယ်မြင့်တက်သွားခဲ့ကြောင်း ယာဉ်အိုယာဉ်ဟောင်းဈေးကွက်အတွင်းမှ သိရသည်.။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်း အငှားယာဉ်များပြားလာမှုကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင်ယာဉ်များကို အငှားယာဉ်အဖြစ် ပြောင်းလဲခွင့်ကို သြဂုတ်လ ၁ ရက်မှ စတင်ရပ်ဆိုင်းခဲ့သောကြောင့် စလစ်ဈေးများ အနည်းငယ်မြင့်တက်လာခဲ့သည်.။ ထို့အပြင် တက္ကစီအဖြစ်အသုံးပြုနေသည့် မြန်မာမီနီများ ပြန်လည်အပ်နှံခွင့်ပြုထားသည်ဖြစ်ရာ မြန်မာမီနီစလစ်ဈေးများလည်း မြင့်တက်လာခဲ့သည်.။

 

"သြဂုတ်လမှာ ကိုယ်ပိုင်ယာဉ်တွေကို နံပါတ်အနီပြောင်းခွင့်မပေးတော့တဲ့အတွက် နံပါတ်ထွက်ပြီးသား အငှားယာဉ်တွေဈေးအနည်းငယ်မြင့်တက်သွားတယ်.။ ဒါပေမယ့် အငှားယာဉ်လိုအပ်ချက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျော်လွန်နေပြီဆိုတော့  အငှားယာဉ်ဈေးတွေ အများကြီးမြင့်တက်သွားဖို့ မရှိပါဘူး.။ ယာဉ်အိုယာဉ်ဟောင်း စလစ်တွေကတော့ ဒီရက်ပိုင်းမှာ နှစ်သိန်းအထိ မြင့်တက်သွားခဲ့ပါတယ်" ဟု ကားဝယ်ရောင်းဈေးကွက်အတွင်းမှ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက ဆိုသည်.။

 

ယာဉ်အိုယာဉ်ဟောင်းဈေးကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့အထိ ဖြစ်ပေါ်နေသည့် စလစ်ဈေးများအရ တက္ကစီစလစ်တစ်စောင်လျှင် ကျပ် ၅၈ သိန်းဝန်းကျင်၊ သက်တမ်းနှစ် ၂၀ ကားစလစ်တစ်စောင်လျှင် ကျပ် ၆၆ သိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်.။

 

မင်းညီ

(August 8, 2015 ထုတ် Auto Car Buyers' Guide မှ ကူးယူဖော်ပြသည်)

No. 1 Car Site in Myanmar

www.carsdb.com

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App