သွင်းကုန်လိုင်စင်ခွင့်ပြု Model Year ထက်နိမ့်ကျ ပြီး တင်သွင်းလာသော ကားများကို မြေပြင်တွင်တွေ့ရှိသည့် Model Year ဖြင့် အခွန်စည်းကြပ်မည်

သွင်းကုန်လိုင်စင် ခွင့်ပြု Model Year ထက်နိမ့်ကျပြီး တင်သွင်းလာသော မော်တော်ယာဉ်များ၏ စည်းကြပ်တန်ဖိုးကိုမြေပြင်တွင် အမှန် စစ်ဆေးတွေ့ရှိသည့် Model Year ဖြင့်စည်းကြပ်မည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သိရသည်။

285257

ပါမစ်ခွင့်ပြုသော Model Year ထက် Model Year နိမ့်သွင်းလာခြင်းကို  ရုံးတွင်းညွန်ကြားလွှာ ၃၅/၂၀၁၂ အရ ဒဏ်တပ်ရိုက်ပြီး လိုင်စင်ခွင့်ပြု Model Year အတိုင်း အခွန်စည်းကြပ် ကောက်ခံ လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တင်သွင်းသူများ နစ်နာမှုမရှိစေရန် သွင်းကုန်လိုင်စင် ခွင့်ပြု Model Year ထက် Model Year နိမ့်တင်သွင်းလာသော ယာဉ်၊ယန္တရားများနှင့် စက်များအား Model Year နိမ့်ကျမှုနှင့် အခြားပြစ်ဒဏ်များကိုအမှန်တင်သွင်း လာသည့် Model Year ၏ စည်းကြပ်တန်ဖိုးအပေါ်တွင် အခြေခံ ၍ ဆောင်ရွက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလက အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ Model Year နိမ့်ကျပြီးတင်သွင်းလာသော ကားများကို မြေပြင်တွင် အမှန်စစ်ဆေး တွေ့ရှိသည့် Model Year  ဖြင့် ဒဏ်ရိုက်ခြင်းနှင့် အခွန်စည်းကြပ်မည် ဖြစ်သဖြင့် မိုဒယ် ကွဲလွဲစွာ တင်သွင်းလာသော ကားပိုင်ရှင်များ အနေဖြင့် ယခင်ထက် ဒဏ်ကြေးနှင့်် အခွန်သက်သာသွားမည်ဖြစ်သည်။

အကောက်ခွန်ဦးစီး ဌာန အနေဖြင့် မိုဒယ်နိမ့် တင်သွင်းလာသော ကားများကို ဒဏ်ကြေးငွေ ကောက်ခံရာတွင် ကားဟောင်းပါမစ်ဖြင့်  တင်သွင်းပါက 1 Year Down ကို ဒဏ်ကြေးကင်းလွတ်။ 2 Year Down ကို 1/2 AV နှင့် 3 Year Down ကို 1  AV ဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။

 

Ref; Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App