‘အ’ အက္ခရာအပ်နှံမှု တစ်နိုင်ငံလုံး၌ ၆၀ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်း မူဝါဒသစ် ထွက်ပေါ်မလာသေး

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် "အ" အက္ခရာကားများ အပ်နှံမှုသည် ၆၀ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုပေါ်လစီသစ်ကို တရားဝင်ထုတ်ပြန်နိုင် ဦးမည် မဟုတ်သေးကြောင်း "ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှုဦးစီးဌာန" မှသိရသည်။ 


A-Akayar
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီအရ အပ်နှံဆဲအက္ခရာကား အရေအတွက်သည် ၆၀ ရာခိုင်နှုန်း ကျော်လွန်ပါက နောက်ဆက်တွဲ အက္ခရာတစ်ခုကို အပ်နှံခွင့်ပြုခဲ့ရာ ‘အ’ အက္ခရာကားများ၏  အပ်နှံမှုသည် ရာခိုင်နှုန်း ပြည့်မီသွားပြီဖြစ်သည်။ အက္ခရာ တစ်ခုချင်းစီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အစီးရေ ၈,၈၀၀ ၀န်းကျင်ရှိရာ အောက်တိုဘာ ၂၅ ရက်က အပ်နှံခွင့်ပြုခဲ့သော ‘အ’ အက္ခရာ ကားများမှာ ဇန်န၀ါရီ ၁၄ ရက်အထိ အစီးရေ ၅,၁၀၀ ကျော် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ‘နေပြည်တော် ကညန’မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ‘အ’ အက္ခရာအစီးရေ ၄,၇၅၀ ရှိရာတွင် ဇန်န၀ါရီ ၁၄ ရက်အထိအစီးရေ ၃,၆၃၁ စီး အပ်နှံခဲ့ပြီးဖြစ်သည်။ ‘အ’ အက္ခရာကားများ အပ်နှံမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၆၀ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသောကြောင့် ကားဟောင်းစလစ် ဈေးများလည်း တန့်နေ ကြောင်း ကားတင်သွင်း သူများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက ကားဟောင်း စလစ် ဈေးတွေ ၉၅ သိန်းဝန်းကျင် မှာ တန့်နေတာ တစ်လကျော်ကြာသွားပါပြီ၊ ဒီလကုန်အထိ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုပေါ်လစီအသစ် ထွက်ပေါ်မလာခဲ့ရင်တော့ စလစ်ဈေး က သိန်းတစ်ရာကျော်အထိ မြင့်တက်သွားဖို့ ရှိပါတယ်၊ ‘အ’ အက္ခရာ ပြီးရင် ‘၁က’ ကားတွေကိုပဲခေါ်မလား၊ နှစ်နှစ်ဆယ်ကျော် ကားတွေကိုပဲ ခေါ်မလားဆိုတာ မသိရတဲ့အတွက် လုပ်ရကိုင်ရ ကျပ်နေပါ တယ်ဟု ပြောကြားခဲ့သည်။


 

Ref: Automobile

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App