အက္ခရာ အစဉ်လိုက်အတိုင်းသာ အပ်နှံခွင့် ပြုဖွယ်ရှိသောကြောင့် ‘၁က’ ကားများ အ၀ယ်လိုက်

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသဖြင့် အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံဖွယ်ရှိသောကြောင့် ‘၁က’အက္ခရာကားများ အ၀ယ်လိုက်နေကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။1-Ka
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်က ‘အ’အက္ခရာကားများ အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း နှင့်အတူ ၂၀၁၄ ခုနှစ်မှ စ၍ မော်တော်ယာဉ် သက်တမ်း အလိုက် အပ်နှံခွင့်ပြုမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ခဲ့သော်လည်း သုံးလကျော် ကာလအထိ မူဝါဒသစ်ကို မထုတ်ပြန်ခဲ့ပေ။ ထိုအခြေအနေတွင် ကားဝယ်/ရောင်းများက အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံခွင့်ပေးဖွယ်ရှိသည်ဟု ယူဆကြပြီး ‘၁က’အက္ခရာကား များကို ၀ယ်ယူနေကြခြင်း ဖြစ်သည်။ “ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ် ထွက်ပေါ်မလာသေးတဲ့ အခြေအနေမှာ ‘၁က’ အက္ခရာကားတွေကို စွန့်စားပြီး ၀ယ်ယူလာကြပါတယ်၊ မော်တော်ယာဉ် သက်တမ်းအလိုက် အပ်နှံခွင့်ပြုခဲ့တယ် ဆိုရင်တောင်မှ ‘၁က’ ကားတွေက အများကြီး အရှုံးပေါ်မှာ မဟုတ်ပါဘူး၊ သက်တမ်း အလိုက် မဟုတ်ဘဲ အက္ခရာတစ်ခုချင်းစီ ခေါ်ခဲ့မယ်ဆိုရင်တော့ ‘၁က’ ကားတွေ ဈေးက သိန်းနှစ်ဆယ်လောက် မြင့်တက်သွားမှာ ဖြစ်ပါတယ်” ဟု ကားဝယ်/ရောင်း တစ်ဦးက ဆိုခဲ့သည်။ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက် အရ ‘၁က’ အက္ခရာကားများမှာ သိန်းခုနစ်ဆယ် ၀န်းကျင်နှင့် အခြား ‘က’တန်း ကားများမှာ ၆၇ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းများမှ သိရှိရသည်။

 

Ref: Auto Mobile

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App