၂၀၀၃ မော်ဒယ်မှ စတင်တင်သွင်းရပါက ရေပန်းစားသည့်ကားများ မြင်တွေ့ရမှုနည်းပါးနိုင်

၂၀၁၅ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုအတွက် ၂၀၀၃ မော်ဒယ်မှ ၂၀၀၉ မော်ဒယ်အထိ တင်သွင်းခွင့်ရပြီး Free Permit တင်သွင်းခြင်းတွင် ၂၀၁၀ မှ ၂၀၁၅ ထိတင်သွင်းခွင့်ရဖွယ်ရှိကြောင်း ကား  Show Room ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ယခု ၂၀၁၄ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုအတွက် ၂၀၀၀ မော်ဒယ်မှ ၂၀၀၈ မော်ဒယ်အထိတင်သွင်းခွင့် ရရှိထားကြောင်းသိရသည်။

လာမည့်နှစ်တွင် မော်ဒယ်သက်တမ်း ၃ နှစ်အထိတိုးမြှင့်ပြီး ၂၀၀၃ မော်ဒယ်များကို တင်သွင်းခွင့်ရပါက CIF တန်ဖိုးမလျော့လျှင် ယခုနှစ်ပိုင်းအတွင်း ပေါ်ပြူလာဖြစ်သည့်ကားများ မြင်တွေ့ရမှုနည်းပါးသွားနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

“အခန့်မသင့်ရင် လာမည့်နှစ်မှာစလစ်ကပ်ကားတွေ  ၂၀၀၃-၂၀၁၀ အထိ တင်သွင်းရမယ်လို့ဖြစ်သွား နိုင်တယ်။ မော်ဒယ်က ၃ နှစ်မြင့်သွားတဲ့အတွက် တန်ဖိုးမြင့်သွားမယ်။ CIF မချရင်တော့ အခုအစီးများပြီးပေါ်ပြူ လာဖြစ်နေတဲ့ ကားတွေပျောက်သွားနိုင်တယ်။မော်ဒယ်ကမြင့်မယ်၊ CIF ကိုလည်းချမယ်ဆိုရင်တော့ စီးရတဲ့သူ တွေအတွက်အဆင်ပြေတာပေါ့” ဟုရှင်းပြသည်။

RAV 4၊ Kluger ကဲ့သို့ကားများအား စီးနင်းမှုများလာနိုင်ဖွယ်ရှိပြီး ၂၀၀၂ ခုနှစ်မှထွက်သော Alphard ကဲ့သို့ကားများမှာ ၂၀၀၃ မော်ဒယ်အတွက် CIF ဈေးနှုန်းသင့်တင့်ပါကအစီးများလာနိုင်ကြောင်းသုံးသပ်ပြသည်။ လုပ်ငန်းသုံး Taxi ယာဉ်များအဖြစ် အများဆုံးအသုံးပြုသည့် Caldina ဖင်ကောက်ကဲ့သို့ကားများမှာ ၂၀၀၂ မော် ဒယ်အထိသာလေးပါရှိသဖြင့် ၂၀၀၃ မော်ဒယ်ဆိုပါက အကြိုက်နည်းသွားနိုင်ကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App