၂၀၁၅ တင်သွင်းရမည့် မော်ဒယ်အပြောင်းအလဲကြောင့် Crown နှင့် Mark X ကားများတင်သွင်းမှုများလာနိုင်

၂၀၁၅ ခုနှစ်အတွက်တင်သွင်းရမည့် မော်ဒယ်အပြောင်းအလဲများကြောင့် လာမည့်နှစ်တွင်ဖိုးဝှီးကားများ ဈေးအနည်းငယ်တက်ကာဆလွန်းအမျိုးအစားထဲ၌ Crown နှင့် Mark X ကားများမှာမှာယူမှုများလာနိုင်ကြောင်း Cars Sale Center ပိုင်ရှင်တစ်ဦးမှပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်တွင် မြန်မာပြည်အကြိုက်မှာ (96,97,98,99) မော်ဒယ် ဖိုးဝှီးကားများဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၂၀၀၃ ခုနှစ်မှတင်သွင်းရနိုင်ဖွယ်ရှိကြောင်း သိရသည်။ ပြည်တွင်းသုံးစွဲသူများမှ ဖိုးဝှီးကားများဆိုပါက မော်ဒယ်အနိမ့်အင်ဂျင်ပိုင်းအား ပိုမိုကြိုက်နှစ်သက်ကာ ရောင်းချသောလုပ်ငန်းပိုင်ရှင်များဘက်မှလည်း ၂၀၀၀ အောက်မော်ဒယ်နိမ့်ဖိုးဝှီးကားများကိုသာ အများဆုံးတင်သွင်းရောင်းချကြောင်း သိရသည်။

နှစ်ကုန်ပိုင်းသို့ရောက်ရှိလာပြီး ၂၀၀၀ မော်ဒယ်တင်သွင်းခွင့်လိုင်စင်သက်တမ်း ကုန်ဆုံးချိန်နီးလာသည် နှင့်အမျှ တင်သွင်းမှုပိုများလာကာ ၂၀၁၅ တွင် မော်ဒယ် ၂၀၀၃ မှစတင်ပါက ဈေးအနည်းငယ်တက်လာနိုင် ကြောင်း ဖိုးဝှီးကားများသီးသန့်တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးကပြောပြခဲ့သည်။

လာမည့်နှစ်တွင် စလစ်ကပ်ကားနှင့် Free Premit တင်သွင်းမည့်ကားများအား အခွန်တစ်ပြေးညီ ကောက်ခံခြင်းနှင့် မော်ဒယ်မြင့်တင်သွင်းရခြင်းတို့ကြောင့် အဆိုပါဖိုးဝှီးကားများ၏ ဈေးနှုန်းမှာ လက်ရှိဈေးနှုန်း ထက် ကျပ်သိန်း ၂၀ ခန့် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းသုံးသပ်ပြသည်။

စလစ်ကပ် သွင်းရမည့်ကားများ ၂၀၀၃ မှစတင်ဖွယ်ရှိသည့်အတွက် ဆလွန်းကားအမျိုးအစားထဲမှ ပြည် တွင်းအကြိုက်ဖြစ်သော Crown နှင့် Mark X (2003-2004) မော်ဒယ်များမှာလည်း မှာယူမှုများလာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App