မော်တော်ယာဉ်ရောင်းဝယ်ရာ၌ အာမခံချက်ပေးပါက အဆင်ပြေစေနိုင်

ကားဟောင်းဖြစ်စေ၊ ကားသစ်ဖြစ်စေ ရောင်းချသူဘက်မှ ၀ယ်ယူသူအား Warranty တစ်ခုပေးထားနိုင် ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း ကားအရောင်းစင်တာတစ်ခုမှ အရောင်းတာဝန်ခံတစ်ဦးက ပြောပြခဲ့သည်။

ကားများပြည်တွင်းသို့တင်သွင်းရောင်းချရာတွင် အစိုးရပိုင်းမှ Safety ပိုင်းအား ဂရုစိုက်ကြပ်မတ်ပေးရန် လိုအပ်ပြီး ရောင်းချသည့်ဘက်မှလည်းသေချာစွာရှင်းလင်းပေးသင့်ကြောင်း ပြောပြခဲ့သည်။ ၀ယ်ယူသူဘက်မှ လည်းမိမိတို့အသိဖြင့် အမြဲတစေ ဂရုစိုက်ရန်လိုအပ်ပြီး ပြင်ဆင်သူများဘက်မှလည်း တတ်ကျွမ်းနားလည်ရန်လို အပ်ကြောင်းသိရသည်။

ကား၏ Safety ပိုင်းနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ရောင်းချသူဘက်မှဝယ်ယူ သူအား သေချာစွာရှင်းလင်းပြောဆိုပါက ပိုမိုကောင်းမွန်နိုင်ကြောင်း သုံးသပ်ပြသည်။

“ ရောင်းတဲ့သူဘက်က ၀ယ်သူဘက်ကို သေချာပြောပြသင့်တယ်။ ဥပမာ- ဒီတာယာက ကီလို ၁၀၀ သတ်မှတ်ထားတယ်။ ကျော်ရင်ဘာဖြစ်နိုငတယ်ဆိုတာမျိုး သတိပေးသင့်တယ်။ သူသူကိုယ်ကိုယ်မောင်းရင်းနဲ့ ၁၂၀ ကျော်သွားတယ်ဆိုတာမျိုးဖြစ်တတ်တယ်။ ဒီကားသစ်ကတော့ ၁၃၀- ၁၄၀ လည်းမောင်းလို့ရမှာပဲ။ မောင်း ချင်ကြတာပဲ။ စရောင်းကတည်းက Customer ကို ဒီတာယာကတော့ဒီလိုသတ်မှတ်ချက်မျိုးရှိပါတယ်ဆိုတာ ပြောပြပေးသင့်တယ်” ဟုရှင်းပြခဲ့သည်။

အကယ်၍ အသုံးပြုသူမှ မိမိကိုယ်ကို အာမခံချက်မရှိ၍ ကျော်လွန်မောင်းနှင်နိုင်ပါက ပို၍မြင့်သည့်စံနှုန်း သတ်မှတ်ချက်ရှိသော ပစ္စည်းမျိုးကိုအသုံးပြုသင့်ကြောင်း အကြံပြုပြောဆိုသည်။ ရောင်းချသူဘက်မှတာဝန်ယူ ပေးရသည်ဆိုသော်လည်း ကားများကိုပြင်ဆင်ရသည့် Technician များနှင့်လည်း သက်ဆိုင်ကာဘက်စုံလိုအပ် ချက်ရှိကြောင်း ထောက်ပြသည်။

“အဘက်ဘက်ကလိုတယ်။ နိုင်ငံခြားမှာကားတင်သွင်းလာရင် အစိုးရပိုင်းက Safety ပိုင်းကိုကြပ်မတ် တယ်။ နောက်ကားတစ်စီးကိုပြင်တဲ့ဝပ်ရှော့ကပြင်လိုက်ပါပြီတဲ့ ၊ ကိုယ်ဘယ်နေ့ဘယ်ရက်မှာ ဘယ်နေရာကိုပြင် လိုက်ရတယ်ဆိုတာ လက်မှတ်ထိုးရတယ်။ ကားပြင်ပြီး အကယ်၍များဒီကားဟာ တစ်ပတ် ဆယ်ရက်အလိုမှာ ဖြစ်စေ ဘရိတ်ပေါက်လို့ Accident ဖြစ်ပြီး လူသေသွားရင် ပြင်ဆင်သူကိုတရားစွဲလို့ရတယ်” ဟု ၄င်းကရှင်းပြခဲ့ သည်။

Ref: Auto World Journal မှကူးယူဖေါ်ပြသည်။

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App