ထုတ်ပြန်မည့် CIF အသစ်တွင် စလစ်ကပ်ကားတင်သွင်းခွင့်ရမည့် နောက်ဆုံးမော်ဒယ်နှင့် ဖရီးပါမစ်ကား စတင်သွင်းရမည့် မော်ဒယ်ဈေးနှုန်း အနည်းငယ်ကွာဟထား

၂၀၁၅ ခုနှစ်အတွက်ရေးဆွဲထုတ်ပြန်မည့် မော်တော်ယာဉ်များ၏ CIF တန်ဖိုးများ၊ အခြေခံမူများကို မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းရှင်များအသင်းမှ OSS (One Stop Service) အဖွဲ့သို့ အပြီးသတ်ရေးဆွဲအကြံပြုထားပြီးဖြစ်ကြောင်းသိရသည်။ အမှန်ကန်ဆုံးနှင့် အနီးစပ်ဆုံးဖြစ်သော CIF တန်ဖိုးများ ရေးဆွဲတင်ပြထားပြီး နှစ်မကုန်မီကြိုတင်ထုတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

အဆိုပါအသစ်ရေးဆွဲထားသည့် CIF တန်ဖိုးများတွင် အကြမ်းဖျင်းအားဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် စလစ်ကပ်တင်သွင်းရမည့်ကားများအတွက် ၂၀၀၃ မော်ဒယ်မှ ၂၀၁၀ အထိ၊ Free Permit ဖြင့်သွင်းရမည့်ကား များအတွက် ၂၀၁၁ မှ ၂၀၁၅ မော်ဒယ်အထိ သတ်မှတ်ထားကြောင်း အဆိုပါအသင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့သည်။

စလစ်ကပ်သွင်းရသည့်နောက်ဆုံးမော်ဒယ်အထိ ခွင့်ပြုချက်ဖြစ်သော ၂၀၁၀ မော်ဒယ်နှင့် Free Permit ဖြင့်တင်သွင်းရမည့်အစဆုံးမော်ဒယ် ၂၀၁၁ မှာ မော်ဒယ်တစ်နှစ်သာကွာခြားသည့်အတွက် စလစ်ကပ်ကားတင် သွင်းမည့်သူများ မနစ်နာစေရန် အဆိုပါမော်ဒယ်နှစ်ခုအား CIF တန်ဖိုး အနည်းငယ်ကွာဟပေးထားကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြခဲ့သည်။

၂၀၁၅ တွင်စလစ်ကပ်ကားနှင့် Free Permit ကားများအား အခွန်နှုန်းထားတူညီစွာကောက်ခံမည်ဖြစ် သဖြင့် စလစ်ကပ်ကား ၂၀၁၀ ကိုတင်သွင်းမည်ဖြစ်ပါက Free Permit ၂၀၁၁ မော်ဒယ်နှင့် ဈေးနှုန်းများစွာမကွာ တော့ဘဲ စလစ်တန်ဖိုးအား အပိုသီးသန့်ဝယ်ယူရခြင်းမျိုး ဖြစ်လာနိုင်ကြောင်းသုံးသပ်ပြသည်။ ထို့အတွက် စလစ် ကပ်ကားတင်သွင်းသူများ မနစ်နာစေရန် အဆိုပါနှစ်ခုအား ဒေါ်လာ ၂၀၀၀ ခန့်ကွာဟထားပြီး အသင်းမှ OSS အဖွဲ့သို့တင်ပြထားကာ ရှင်းလင်းထားကြောင်းသိရသည်။ OSS အဖွဲ့မှလည်း အသင်းမှတင်ပြထားချက်များကို လက်ခံကာမူများအား ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

Ref : Auto World Journal မှ ထုတ်နှုတ်တင်ပြသည်။

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App