MyanmarCarsDB's Updates

MyanmarCarsDB သုံးစွဲသူ မိတ်သင်္ဂဟများ ပိုမိုအဆင်ပြေရန်အလို့ငှာ ကျွန်တော်တို့ MyanmarCarsDB Team မှာ site ကို Update များ ထည့်သွင်းခဲ့တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အသစ်ထပ်မံထည့်သွင်းထားတဲ့ Update များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


  • Lot Numbers for Ads

  • Snappier Interface

  • Auto-hide Welcome Banner

  • Better Screen Real Estate for Premium Dealers & Premium Ads

Lot Numbers for Ads

lot_number_news

ကျွန်တော်တို့ MyanmarCarsDB မှာ ယခင်က ကားတစ်စီးကို ကြိုက်ပြီဆိုလျှင် မှတ်ထားရင် အလို့ငှာ Print ထုတ်၍ ဖြစ်စေ၊ URL ကို ကူး၍ဖြစ်စေမှတ်နိုင်ပေမယ့်၊ User များအတွက် အဆင်မပြေတာလေးတွေရှိကြောင်း ကျွန်တော်တို့ကို Feedback များပေးလာခဲ့ပါတယ်။

ထို့ကြောင့် ကျွန်တော်တို့ Feature အသစ်တစ်ခုအနေနှင့် ကားစာရင်းစာမျက်နှာမှာဖြစ်စေ၊ ကားတစ်စီး၏ အသေးစိတ်စာမျက်နှာမှာဖြစ်စေ၊ ကား၏ Lot Number ကို ထင်ရှားစွာပြသတော့မည်ဖြစ်ပါတယ်။ ကားစာရင်းစာမျက်နှာမှာတော့ Lot Number ကို ကား၏ ဓါတ်ပုံအောက်တွင်တွေ့နိုင်မှာဖြစ်ပြီး၊ အသေးစိတ်စာမျက်နှာ မှာတော့ Lot Number ကို အဝါရောင် Highlight လုပ်ထားသည့် box ကလေးရဲ့ အောက်မှာတွေ့နိုင်ပါတယ်။ Print ထုတ်ခဲ့ရင်လည်း Lot Number ပါမှာဖြစ်ပါတယ်။

ထို Lot Number ကို မှတ်ထားကာ ပြန်ရှာလိုပါက၊ ကျွန်တော်တို့ Site ၏ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ search box ကလေးကို သုံးကာရှာနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ရှာတွေ့ပါက ထိုကြော်ငြာ၏ အသေးစိတ်စာမျက်နှာသို့ သင့်ကို တစ်ခါတည်း ခေါ်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ရှာမတွေ့သည်သော်လည်းကောင်း၊ ကြော်ငြာ၏ သက်တမ်းကုန်ဆုံးသွားပြီသော်လည်းကောင်း ရှာမတွေ့နိုင်ပါဟု ပြောပေးမှာဖြစ်ပါတယ်။

Snappier Interface

snappier_interface

MyanmarCarsDB ၏ Interface ကိုလည်း အသုံးပြုသူတွေပိုမို မြန်ဆန်စွာသုံးနိုင်ရေးနှင့်၊ ခေတ်နှင့်အမီဆန်းသစ်ရေးအတွက်၊ ပြုပြင်ထားတာကိုလည်း တွေ့နိုင်ပါတယ်။

Better Screen Real Estate for Premium Dealers & Premium Ads

better_premium

အထက်ပါ Feature သစ်နှင့်အတူ ကျွန်တော်တို့၏ Premium Dealer များအတွက်လည်း မိမိ၏ကြော်ငြာများ ဆိုဒ်သို့ ရောက်ရောက်ခြင်းနေရာတွင် ပိုမိုမြင်သာစေရန်အတွက် ပိုမိုထင်ရှားမည့်နေရာနှင့် လှပတဲ့ဒီဇိုင်းမျိုးနှင့် ပြောင်းလဲတင်ဆက်ပေးထားပါတယ်။

အကယ်၍ MyanmarCarsDB ၏ ဧည့်ပရိတ်သတ်များအနေနှင့် Premium Dealer account လိုချင်ခဲ့သည်ရှိသော်၊ သို့မဟုတ် Premium Ad များလိုချင်ခဲ့သည်ရှိသော် ကျွန်တော်တို့ကို sales@myanmarcarsdb.com မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ နှစ်ကူး တန်ခူးဖြစ်ပါ၍ Promotion အနေနှင့် Premium Dealer Subscription နှင့် Banner Advertisement များကို အနည်းဆုံးခြောက်လစာယူပါက ၁၀% discount အနေနှင့်လျှော့ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ကျွန်တော်တို့ MyanmarCarsDB အား အစဉ်အဆက် အသစ်အသစ်သော Feature များ ထည့်ခဲ့ရာမှာ ကျွန်တော်တို့ အနေနှင့် အတိအကျ ကြေငြာခြင်းမရှိခဲ့တဲ့အတွက် ပရိသတ်တချို့ မတွေ့ ခဲ့ရတာမျိုးရှိကြပါလိမ့်မယ်။ သို့ပါ၍ ယခုမှစပြီး Feature အသစ်များထွက်တိုင်းထွက်တိုင်းမှာ ဒီလို update news များတင်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

ပြီးခဲ့တဲ့လများက ထပ်တိုးခဲ့တဲ့ Feature များကို MyanmarCarsDB ရဲ့ မိတ်ဆွေများ သိစေရင် အောက်မှာဖော်ပြထားပါတယ် ခင်ဗျာ။

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App