အစိုးရအနေဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ Brand New ကားများ ပိုမိုတင်သွင်းနိုင်ရန် အားပေးသင့်

အစိုးရအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ Brand New ကားများ ကို ပိုမိုတင်သွင်းလာရန် အားပေးသင့်ကြောင်း ကားတင်သွင်းသူများက ဆိုခဲ့သည်။

              Brand-New-Car



မြန်မာနိုင်ငံ၏ မော်တော်ယာဉ် တင်သွင်းမှု ပေါ်လစီအရ ကားဟောင်းတစ်စီးအပ်ပြီး ကားသစ်တစ်စီး တင်သွင်းခွင့်ပြု ထားသော်လည်း ၂၀၀၈ မိုဒယ်အောက် ကားများကို သာ တင်သွင်းခွင့်ပြုသောကြောင့် အဟောင်းသံသရာ လည်နေကြောင်း ‘ရောင်နီဦး ကားအရောင်းစင်တာ’ ပိုင်ရှင် ဦးအောင်ဝင်းက ဆိုခဲ့သည်။ “ဖွံ့ဖြိုးပြီးနိုင်ငံတိုင်း ပိုမို သစ်လွင်တဲ့ကားတွေကို တင်သွင်းဖို့ အားထုတ်ကြိုးပမ်းနေကြပါတယ်၊ ဘာကြောင့်လဲဆိုရင် ကားသစ်တွေက မီးခိုးထုတ်လုပ်မှုနည်းတဲ့အတွက် လေထု ညစ်ညမ်းတာကို သက်သာစေပါတယ်၊ ဆီစားလည်း သက်သာတဲ့အတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို သက်သာစေပါတယ်၊ နောက်ပြီး ကားသစ်တွေက အင်ဂျင် Tempo Range မြင့်သွား ပြီး ပါဝါလည်းကောင်းတဲ့အတွက် သုံးစွဲတဲ့သူတွေ အဆင်ပြေပါတယ်၊ ကားအသစ်တွေ ဖြစ်တဲ့အတွက် ပြုပြင် ထိန်းသိမ်းစရိတ်လည်း သက်သာစေမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ဝင်းက ဆိုခဲ့သည်။ မြန်မာပြည် ကားဈေးကွက်၌ Brand New Showroom များကို ပြီးခဲ့သည့်နှစ်မှ စတင်ခွင့်ပြုခဲ့သော်လည်း ဈေးကွက် ကောင်းမွန်လာနိုင်စေ သည့် အနေအထားများ ရှိသောကြောင့် နာမည်ကြီး Brand များ ဖြစ်သည့် Mercedes ၊ Toyota ၊ Ford ၊ Chevrolet တို့အပါအ၀င် Car Showroom ၁၅ ခု ကျော် ၀င်ရောက်လာခဲ့သည်။


Ref: Automobile

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App