ကားအစီးရေ ခုနစ်ပုံ တစ်ပုံမှာ အငှားယာဉ်များဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်းခွဲကျော်ရှိရာ ခုနစ်ပုံတစ်ပုံမှာ အငှားများဖြစ်ကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန’မှ သိ ရှိရသည်။

[caption id="attachment_388013" align="alignnone" width="500"]ADVANCE FOR USE MONDAY, APRIL 29, 2013 AND THEREAFTER - A taxi with 969 logos on the windshield stops for a passenger in Yangon, Myanmar on March 31, 2013. (AP Photo/Gemunu Amarasinghe) ADVANCE FOR USE MONDAY, APRIL 29, 2013 AND THEREAFTER - A taxi with 969 logos on the windshield stops for a passenger in Yangon, Myanmar on March 31, 2013. (AP Photo/Gemunu Amarasinghe)[/caption]


ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ယန္တရားများ၊ ဘတ်စ်များ၊ မော်တော် ဆိုင်ကယ်များအပါအ၀င် ယာဉ်အစီးရေ ငါးသိန်း ကျော်ကို မှတ်ပုံ တင်ပြုလုပ်ပေးရာတွင် လူစီးယာဉ်မှာ ၃၆၀,၀၀၀ ကျော်အထိ ပါဝင်နေသည်။ ထိုလူစီးယာဉ်များထဲတွင် အငှားယာဉ်အရေအတွက်မှာ ၄၇ç၀၀၀ ကျော်အထိ ပါဝင်ပြီး AA ၊ BB ၊ CC ၊ DD အက္ခရာဖြင့် အစီးရေ ၂၇,၀၀၀ ကျော်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း YGN (ရန်ကုန်လိပ်စာ) အငှားယာဉ်အစီးရေ ၄၇,၀၀၀ ကျော် ရှိသည်ဖြစ်ပြီး နယ်လိပ်စာ အငှားယာဉ်များပါဝင်ပါက အစီးရေ ခြောက်သောင်းကျော်အထိ ရှိလာမည်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အငှားယာဉ်များ တိုးပွားလာသည်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “မြို့တစ်မြို့ရဲ့အကျယ်အ၀န်း၊ လူဦးရေ၊ စက်သုံးဆီအခြေအနေ၊ မော်တော်ယာဉ် အစီးရေ တွေအပေါ် မူတည်ပြီး ရှိသင့်တဲ့အငှားယာဉ်အစီးရေကို ထိန်းချုပ်သင့်ပါတယ်၊ အငှားယာဉ်အစီးရေ တိုးချဲ့မယ်ဆိုရင်လည်း မြို့အနေအထား ကျယ်ဝန်းလာမှ အဆင်ပြေမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးပါမစ်ဖြင့် အငှားယာဉ်ပါမစ်များ ထုတ်ပေးခြင်းကို ခေတ္တရပ် ဆိုင်းထားပြီး မြို့အနေအထားနှင့်အခြားအခြေအနေ အရပ်ရပ်များကိုတွက်ချက်ပြီးမှသာ ပါမစ်များပြန်လည်ထုတ်ပေးဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


 

Ref: Automobile

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App