Chery QQ3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်းကြာမြင့်သည့် ဇုန်ကားများကိုလည်း အပ်ခွင့်ပြုသင့်ဟုဆို

တရုတ်နိုင်ငံမှ တင်သွင်းလာသော Chery QQ 3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်း ကြာမြင့်ပြီဖြစ်သော စက်မှုဇုန်ထုတ်ကားများ ကိုလည်း အပ်နှံခွင့်ပေးသင့်ကြောင်း ‘မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း’ ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဆိုခဲ့သည်။ Zone-Car-


Chery QQ 3 ကားများသည် မြန်မာနိုင်ငံသို့ ၂၀၀၆ ခုနှစ်ဝန်းကျင်က ၀င်ရောက်လာခဲ့ပြီး ထိုကားများထက် မှတ်ပုံတင်သက်တမ်း ငါးနှစ်ခန့်စောသော စက်မှုဇုန်ထုတ်ကား များကို အပ်နှံခွင့်ပေးသင့်သည်ဟု ဦးအောင်သန်းဝင်းက ဆိုခဲ့သည်။ လွှတ်တော်အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးချန်မောင်က စက်မှု ဇုန်ထုတ် ကားများကို အပ်နှံခွင့်ပြုရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းaဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သဖြင့် ထိုကားများ၏ဈေးနှုန်းများသည် အနည်း ငယ်မြင့်တက်သွားခဲ့သည်။ သို့သော် စက်မှုဇုန်ထုတ်ကားများကိုအပ်နှံခွင့်ပြုရန် အချိန်ကာလတစ်ခု အထိလိုနေသေးသောကြောင့် ၀ယ်/ရောင်းအနည်းစုသာ ဇုန်ဂျစ်များ ၀ယ်ယူစုဆောင်းထားကြသည်။ စက်မှုဇုန်ဂျစ်ကားများ၏ ဈေးကွက်နှင့်ပတ်သက်၍ ဦးအောင်သန်းဝင်းက “ဇုန်ဂျစ်တွေ ဈေးအနည်းငယ် တက်သွားပေမဲ့ ၀ယ်ယူတဲ့သူ နည်းနေသေးပါတယ်၊ ဘယ်အချိန်မှာအပ်နှံခွင့်ပြုမယ်ဆိုတာ မသိတဲ့အတွက် အ၀ယ်အများကြီး မရှိသေးပါဘူး၊ တကယ်ဆိုရင် Chery QQ 3 ကားတွေကို အပ်နှံခွင့်ပေးခဲ့ သလို ဇုန်ကားတွေကိုလည်း အပ်ခွင့်ပေးသင့်ပါတယ်”ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းအရ ဇုန်ဂျစ်များသည် ကျပ်သိန်း လေးဆယ်ဝန်းကျင် ရှိကြောင်း သိရသည်။


Ref : Automobile

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App