တံခါးလေးပေါက် Mini Truck ကားများကို ၀က်ဂန်ကားများ၏ အခွန်နှုန်းအတိုင်းကောက်ခံ၍ ကားတင်သွင်းသူများ အခက်တွေ့

အင်ဂျင်ပါဝါ ၆၆၀ စီစီသာရှိသော တံခါးလေးပေါက် Mini Truck များကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်မကောက်ခံဘဲ ၀က်ဂန်ကားများ၏အခွန်နှုန်းအတိုင်း ကောက်ခံ၍ အခက်တွေ့နေကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

               4-door-Mini-Truck


Mini Truck တံခါးလေးပေါက် ကားများကို တင်သွင်းသူများသည် ပါမစ်လျှောက်စဉ် ကတည်းက Mini Truck အဖြစ် လျှောက်ထားခဲ့ပြီး ဆိပ်ကမ်းသို့ ရောက်ရှိသည့်အခါ ၀က်ဂန် အခွန်နှုန်းတိုင်း ကောက်ခံသောကြောင့် ထိုကားများကို ထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေသည်။ လက်ရှိ ကောက်ခံနေသော Mini Truck တံခါးလေးပေါက် ကားများ၏ အခွန်နှုန်းထားနှင့် ပတ်သက်၍ ထိုကားများကို တင်သွင်းခဲ့သူ ကိုရဲက “Mini Truck တံခါးလေး ပေါက်ကားတွေက ဇိမ်ခံကားမဟုတ်တဲ့အတွက် ၀က်ဂန်အခွန် နှုန်းအတိုင်း မကောက်ခံသင့်ပါဘူး၊ ဒီကားတွေက အင်ဂျင်ပါဝါ ၆၆၀ ပဲရှိပြီး Mini Truck တံခါးနှစ်ပေါက် ကားတွေနဲ့လည်း ဈေးနှုန်းမကွာဟတဲ့ အတွက်လုပ်ငန်းသုံးယာဉ် အတိုင်းပဲ အခွန်ကောက်ခံ သင့်ပါတယ်၊ ၂၀၀၅ မိုဒယ် Mini Truck တံခါးလေးပေါက်ကားကို တင်သွင်းခဲ့ပြီးမှ ၀က်ဂန်နှုန်းထားအတိုင်း အခွန်ကောက်ခံတဲ့အတွက် ကား တန်ဖိုးထက် အခွန်နှုန်းထားက ပိုများနေပါတယ်၊ နောက်ပြီး ၀က်ဂန်လို့ သတ်မှတ်တဲ့အတွက် ၂၀၀၅ မိုဒယ်ကားကို တင်သွင်းတဲ့အခါ သုံးနှစ်လျော့ဆိုပြီး ဒဏ်ကြေးထပ်ပြီး ကောက်ခံပါတယ်၊ ဒါကြောင့် အခွန်နှုန်းထားနဲ့ ဒဏ်ကြေးပေါင်းလိုက်ရင် သိန်း ကိုးဆယ်ကျော်သွားပါတယ်၊ ဒီကားတစ်စီးကိုအပြင်မှာ ရောင်းရင် သိန်း ခုနစ်ဆယ်လောက် ပဲရတဲ့အတွက် ကောက်ခံတဲ့အခွန်နှုန်းထားတွေက မဖြစ် သင့်ပါဘူး” ဟုဆိုခဲ့သည်။ ထိုကားများကို ယခင်က လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန် ၁၃ ရာခိုင်နှုန်း သာ ကောက်ခံခဲ့သော်လည်း ကညနမှ တံခါးလေးပေါက်ဖြစ်၍ ၀က်ဂန် အဖြစ် သတ်မှတ်လိုက်သောအခါ အခွန်နှုန်းထားများ မြင့်တက်သွား ခဲ့ခြင်းဖြစ်သည်။ Mini Truck တံခါးလေးပေါက် ကားများ၏ အခွန်နှုန်းထားနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ပြန်လည်စစ်ဆေးရန် အစီအစဉ်ရှိကြောင်း သိရသည်။


 

Ref: Automobile

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App