ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုးပြေးဆွဲရန် မထသသို့တင်ပြ

ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ၊ ရန်ကုန်-တိုက်ကြီး ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုး ပြေးဆွဲရန် မော်တော်ယာဉ်လုပ်ငန်းပေါင်း စုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ တင်ပြထားရှိကြောင်း ဟိုင်းလပ် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။                   Mini-bus


ယခု ဖေဖော်ဝါရီလကုန်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဟိုင်းလပ်ယာဉ် ၀င်ရောက်ပြေးဆွဲခွင့် တားဆီးလိုက်သောကြောင့် မီနီဘတ် ပြောင်းလဲပြေးဆွဲခွင့် လျှောက်ထားလာခြင်းဖြစ်ပြီး လက်ရှိတွင် မီနီဘတ်စ် ၄၇ စီး ပြောင်းလဲပြေးဆွဲရန် တင်ပြထားကြောင်း သိရသည်။ “တင်ပြထားတာတော့ မှန်တယ်၊ ဒါပေမဲ့ အစီးရေ သုံးဆယ်က ဆွေးနွေးမှုအဆင့်ပဲ ရှိသေးတယ်၊ ၁၇ စီးကတော့ ပြေးဆွဲခွင့် ရပြီ၊ အစီးရေ သုံးဆယ်က အရစ်ကျ စနစ်တွေ ပါဝင်တာကြောင့် ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေ၊ သတ်မှတ်ချက်တွေ ကျန်နေလို့ပါ၊ ဒါပြီးရင်တော့ ပြေး ဆွဲခွင့်ကျမှာပါ”ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ၀င်ရောက် ပြေးဆွဲလျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၈၅၀ ဖြင့် ပုံမှန်ပြေးဆွဲလျက်ရှိကာ မီနီဘတ်စ်များဖြင့် ပြောင်းလဲပြေးဆွဲနေသည့် ယာဉ် အစီးရေ ၃၉ စီးအထိ ရှိလာကြောင်း၊ ထို့ပြင် ထပ်မံပြောင်းလဲပြေးဆွဲရန်အတွက် အစီးရေ ၄၇ စီး တင်ပြထားကြောင်း၊ အများစုမှာ ရန်ကုန်-မှော်ဘီ ယာဉ်လိုင်း များဖြစ် ကြောင်း သိရသည်။


Ref : Automobile

Latest News

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »

ကားအ​ရောင်းပြခန်းများနှင့်...

Consignment 150x150

ကားအ​ရောင်းပြခန်းများနှင့်အ​ရောင်းစင်​တာများက Consigniment စနစ်​ဖြင့်တင်​သွင်းထား​သော ကားများကို စလစ်​ကပ်​ရန်​ သက်​တမ်း ၆ လတိုး​​ပေးသည်​မှာ...

Read more »

လိုင်​စင်​ ပါမစ်​မရရှိခင်​ ဆိပ်​ကမ်းသို့...

Mg 3057 copy 150x150

အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်း ၆/၂၀၁၇ ဥပ​ဒေအရပြည်​ပနိုင်​ငံများ တင်​သွင်းလာ​သော ​မော်​​တော်​ယာဉ်​များသည်​ လိုင်​စင်​ ပါမစ်​မရရှိခင်​...

Read more »

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »
Download Android App