မြန်မာနိုင်ငံတွင် ကားသစ်များ ရောင်းချတော့မည့် Mazda

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ မော်တော်ယာဉ်ထုတ်လုပ်သော ကုမ္ဗဏီများ အပြိုင်အဆိုင် ဝင်ရောက်လျှက်ရှိရာ ဂျပန်နိုင်ငံမှ Mazda သည်လည်း ပါဝင်လာပြီဖြစ်သည်။ လည်းကောင်းကုမ္ဗဏီမှ အမှုဆောင်အရာရှိချုပ်၏ ပြောကြားချက်အရ မကြာမီတွင် Mazda ကားသစ်များကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချသွားမည်ဟု သိရပါသည်။ 

mazda-500x332

Mazda သည် လည်းကောင်းတို့၏ ကားများကို အာဆီယံနိုင်ငံများအားလုံးတွင် ရောင်းချနိုင်ရန် စီစဉ်လျှက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကားအမျိုးအစားအချို့ကို တင်သွင်းရောင်းချသွားမည်ဟု ပြောကြားခဲ့သည်။ စတင်ရောင်းချမည့်အချိန်ကို အတိအကျ မပြောကြားခဲ့သော်လည်း မကြာမီအချိန်အတွင်းတွင် စတင်ရောင်းချနိုင်ရန် ကြိုးစားသွားမည်ဟု သိရပါသည်။

မြန်မာနိုင်ငံ၏ ကားဈေးကွက်ကို ၂၀၁၁ခုနှစ်နှောင်းပိုင်းတွင် စတင်ပြောင်းလဲခဲ့ပြီးနောက် ယခုလက်ရှိအချိန်တွင် ဒါဇင်ဝက်ခန့်သော နိုင်ငံခြားကားကုမ္ဗဏီများသည် ပြည်တွင်းတွင် ကားထုတ်လုပ်ရေးနှင့် ကားအရောင်းပြခန်းများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

အခြား ဂျပန်ကားကုမ္ဗဏီတစ်ခုဖြစ်သော Nissan သည်လည်း မလေးရှားနိုင်ငံမှ Tan Chong Motor Holdings Bhd နှင့်အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သော စက်ရုံတည်ဆောက်ရန် ပြင်ဆင်လျှက်ရှိသည်။ လာမည့် သီတင်းပတ်အတွင်း လည်ကောင်းတို့၏ အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။ ပြီးခဲ့သည့် ဂျူလိုင်လကလည်း Nissan သည်လည်းကောင်းတို့၏ ပထမဆုံး ကားအရောင်းပြခန်းကို ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းသုံးကားအမျိုးအစားအချို့ကို စတင်ရောင်းချခဲ့ပါသည်။

အမေရိကန်ကားကုမ္ဗဏီဖြစ်သော Ford သည်ပြီးခဲ့သည့် ဧပြီလတွင် ကားအရောင်းပြခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြီး General Motors မှလည်း ပထမဆုံးသော Chevrolet ကားအရောင်းပြခန်းကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရပါသည်။

News Source: REUTERS

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App