လာမည့်နှစ်များတွင် CIF တန်ဖိုး မထုတ်ပြန်ဘဲ ယခုနှစ်ကဲ့သို့ ရာခိုင်နှုန်းလျှော့၍ ခွင့်ပြုသည့်ပုံစံမျိုးသာ သွားနိုင်

လာမည့်နှစ်များတွင် CIF တန်ဖိုးမထုတ်ပြန်ဘဲ ယခုနှစ်ကဲ့သို့ ယခင်နှစ်၏ CIF တန်ဖိုးအပေါ် ရာခိုင်နှုန်းလျှော့၍ တင်သွင်းခွင့်ပြုသည့် ပုံစံမျိုးသာ သွားနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Auto World ဂျာနယ်သို့ ဖြေကြားသည်.။

(၂၀၁၅) ခုနှစ်အတွက် ကားတင်သွင်းရမည့် သတ်မှတ်ဈေးနှုန်းဖြစ်သည့် CIF တန်ဖိုးအား မထုတ်ပြန်တော့ဘဲ (၂၀၁၄)ခုနှစ်၏ CIF တန်ဖိုးအပေါ်တွင် (၅) ရာခိုင်နှုန်း လျှော့၍ တင်သွင်းခွင့်ပြုသကဲ့သို့ လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ပုံစံမျိုးသာ တင်သွင်းခွင့်ပြုဖွယ်ရှိကြောင်း သိရသည်.။

MyanmarCarsDB.com မှ ကားများကိုကြည့်ရန်

ယခုအချိန်တွင် (၂၀၁၄) ခုနှစ် CIF တန်ဖိုးထက် (၅) ရာခိုင်နှုန်းလျှော့ကာ တင်ပြမှုများအား လက်ခံပေးးနေပြီး မတ်လနောက်ပိုင်းမှစ၍ တင်သွင်းရမည့် ကားဈေးတန်းတစ်ခု ပီပြင်စွာဖြစ်လာနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ အဆိုပါတာဝန်ရှိသူက သုံးသပ်ပြသည်.။

“အခု (၅)ရာခိုင်နှုန်း လျှော့ပြီး တင်သွင်းခွင့်လျှောက်လို့ရပါတယ်.။ အစဆိုတော့ ဈေးနှုန်းတွေသေချာ မသိတာမျိုးတွေ ရှိနိုင်ပါတယ်.။ ဒီလိုပဲ မနှစ်ကဈေးအပေါ်မှာ (၅) ရာခိုင်နှုန်းလျှော့ရင် ဘယ်ကားက ဘယ်ဈေးနဲ့သွင်းလို့ရတယ်ဆိုတာ မတ်လနောက်ပိုင်းကျရင် အဆင်ပြေမှာပါ.။ (၃)လ အတွင်း သွင်းရင်းနဲ့ ကားတွေစုံလာတော့ ဈေးကသိလာမယ်.။ နောက်နှစ်တွေမှာလည်း CIF မထုတ်ဘဲ ဒီလိုပုံစံနဲ့ သွားနိုင်ပါတယ်” ဟုရှင်းပြသည်.။

တင်သွင်းသည့်လုပ်ငန်းရှင်များ ဘက်မှလည်း Invoice တင်ပြမှုအတိုင်း အခွန်ကောက်ခံမည်ဆိုခြင်းထက် ယခုကဲ့သို့ ယခင်နှစ် CIF တန်ဖိုး၏ (၅) ရာခိုင်နှုန်းလျှော့၍ တန်ဖိုးတင်ပြခြင်းမှာ ပိုမိုသင့်လျော်ကြောင်း ကားလေလံကုမ္ပဏီပိုင်ရှင် တစ်ဦးက ပြောပြသည်.။

Invoice တင်ပြရမည်ဆိုပါက ဝယ်ရင်းဈေးနှုန်းမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် အခွန်ကောက်ခံရာတွင် လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပြီး ယခုကဲ့သို့ (၅) ရာခိုင်နှုန်းလျှော့၍ တင်ပြနိုင်သဖြင့် ဈေးတန်းတစ်ခုအဖြစ် ရှိနိုင်ကြောင်း ပြောပြသည်.။

“အခုလို (၅) ရာခိုင်နှုန်းလျှော့ပြီး တင်ပြတာက တော်သေးတယ်.။ ဈေးသိတယ်.။ Invoice တင်ပြရင် ဒေါ်လာ (၅၀၀၀) တန်ကားလို့ပြောပေမယ့် (၇၀၀၀) ၊ (၈၀၀၀) နဲ့ဝယ်ရတာတွေ ရှိတယ်.။ မသေချာတော့ဘူး.။ လောလောဆယ်တော့ အခု (၂၀၁၄) CIF အပေါ် (၅) ရာခိုင်နှုန်းလျှော့ပြီး လျှောက်တာ လက်ခံတယ်” ဟုရှင်းပြသည်.။

စန္ဒီဝင်း
ဇန်နဝါရီ (၃၀) - ဖေဖော်ဝါရီ (၅) - ၂၀၁၅ ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။
www.myanmarcarsdb.com

Latest News

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »

ကားအ​ရောင်းပြခန်းများနှင့်...

Consignment 150x150

ကားအ​ရောင်းပြခန်းများနှင့်အ​ရောင်းစင်​တာများက Consigniment စနစ်​ဖြင့်တင်​သွင်းထား​သော ကားများကို စလစ်​ကပ်​ရန်​ သက်​တမ်း ၆ လတိုး​​ပေးသည်​မှာ...

Read more »

လိုင်​စင်​ ပါမစ်​မရရှိခင်​ ဆိပ်​ကမ်းသို့...

Mg 3057 copy 150x150

အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်း ၆/၂၀၁၇ ဥပ​ဒေအရပြည်​ပနိုင်​ငံများ တင်​သွင်းလာ​သော ​မော်​​တော်​ယာဉ်​များသည်​ လိုင်​စင်​ ပါမစ်​မရရှိခင်​...

Read more »

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »
Download Android App