မြို့တွင်းခရီးသွားဝန်ဆောင်မှု Taxi Company ထူထောင်ရန် စွန့်ဦးသူများအဖွဲ့မှ နိုင်ငံတော်အစိုးရထံသို့ တင်ပြထား

ခရီးသည်၏ အိမ်ရှေ့(သို့) အိမ်နီးဝင်းကျင်အရောက် ဈေးနှုန်းသက်သာပြီး ၉၀% အသက်အန္တရာယ်  ကင်းစွာဖြင့် ကြို/ပို့ ပေးမည့် မြို့တွင်းခရီးသွားဝန်ဆောင်မှု Taxi Company ထူထောင်ရန် နိုင်ငံတော်အစိုးရထံ သို့တင်ပြထားကြောင်း စွန့်ဦးသူများအဖွဲ့၏ ကိုယ်စားဦးဆောင်သူတစ်ဦးဖြစ်သူ ‘မေမေ ဖေဖေ မိသားစု ပြည်သူ့ အကျိုးပြုဝန်ဆောင်မှုကုမ္ပဏီလိမိတက်’ မှ ဦးဝင်းဆွေဦးက သြဂုတ်လ ၃၀ ရက်နေ့တွင် ရှင်းလင်းပွဲပြုလုပ်၍  ပြောကြားခဲ့သည်။

ခရီးသည်အား Taxi ရှာဖွေမှုမဟုတ်ဘဲ ခရီးသည်မှ Taxi အား ဖုန်းဆက်၍ခေါ်ယူနိုင်သော ဝန်ဆောင်မှု မျိုးဖြင့် Taxi Company ထူထောင်ရန်ဖြစ်ကြောင်း သိရသည်။မြို့တွင်းသွားလာမှုများတွင် ယာဉ်ကြောကျပ် တည်းမှု များလာခြင်းကြောင့် လမ်းပေါ်တွင် Texi ယာဉ်များသွားလာခြင်းပြုမည်မဟုတ်ဘဲ ခရီးသည်၏လိုအပ် ချက်ရှိမှသာ သွားရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

Texi အစီးရေ ၇၀၀ ဖြင့် ပြေးဆွဲရန်ရာထားပြီး ရင်းနှီးမြှုပ်နှံရန်အတွက် ကျပ်ငွေသိန်း ၃၀၀၀ လျာထား ကာ မိသားစုဝင်ငွေ လစဉ်ကျပ်နှစ်သိန်းအထက်ရရှိစေမည့် ရေရှည်တည်မြဲသော အလုပ်အကိုင်အခွင့်အလမ်း များပါ တစ်ပါတည်းရရှိစေမည်ဖြစ်ကြောင်း ဦးဝင်းဆွေဦးက ရှင်းလင်းပြောကြားခဲ့သည်။

Business Master Plan များကိုအကောင်အထည်ဖော်ရန် နိုင်ငံတော်မှ ပံ့ပိုပေးရန်အတွက် သြဂုတ်လ ၁၈ ရက်နှင့် ၂၁ ရက်နေ့များတွင် ဝန်ကြီးများသို့တင်ပြခဲ့သော်လည်း အကြောင်းမပြန်သေးသဖြင့် ရှင်းလင်းပွဲပြု လုပ်၍ ပြောကြားရခြင်းဖြစ်ကြောင်းသိရသည်။

ကောင်းမွန်သောနည်းဗျူဟာဖြစ်သောကြောင့်မူပိုင်ခွင့်ရယူနိုင်ရန် မျှော်လင့်ထားပြီး ယာဉ်ဟောင်းပိုင်ရှင် များမှ ယာဉ်သစ်လဲလှယ်ကာ မောင်းနှင်နိုင်စေရန်အတွက် ရည်ရွယ်ထားကြောင်းသိရသည်။ခွင့်ပြုချက်ရရှိပါက  ၇ လတွင်းအကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကာဒေတာအချက်အလက်များရယူစုဆောင်းထားပြီးအဓိကအချက် အားဖြင့် မြို့တွင်းခရီးသွားဝန်ဆောင်မှု Texi Company ထူထောင်ရာတွင် လမ်းပေါ်တွင် Texi ယာဉ်များမရှိဘဲ နေရာဒေသအလိုက် Texi ယာဉ်များရပ်နားထားကာ ခရီးသည်မှဖုန်းဆက်ခေါ်ယူလျင် မိနစ် ၃၀ မှ ၄၅ မိနစ်အ တွင်း ရောက်ရှိဝင်ဆောင်မှုပေးနိုင်သော Master Plan ဖြစ်ကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

နယ်လိုင်စင်ဖြင့်ေ​​​​ပြးဆွဲ​နေ​သော အဌားယာဉ်​...

Taxi 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း နယ်လိုင်စင်ဖြင့်ေ​​​​ပြးဆွဲ​နေ​သော အဌားယာဉ်​ (Taxi )​အစီး​ရေကို ထိန်းချူ ပ်​နိုင်​ရန်​ ပထမအဆင့်...

Read more »

မော်ေ​တာ်​ယာဉ်​များတွင်​ တပ်​ဆင်​​သော...

Suzuki super carry toyota hilux yangon 150x150

မော်ေ​တာ်​ယာဉ်​များတွင်​ တပ်​ဆင်​​သော ​ဖောင်းကြွနံပါတ်​ပြား ​ပျောက်​ဆုံးခြင်းကို သတင်းစာ​ကြေငြာထည့်​သွင်းရန်​ မလို​​တော့​ကြောင်း...

Read more »

မတ်​လ ၁ ရက်​မှစ၍ ယာဉ်​သက်​တမ်းတိုး ​အာမခံ​ကြေး...

Download 150x150

မတ်​လ ၁ ရက်​မှစ၍ ယာဉ်​သက်​တမ်းတိုး​အာမခံ​ကြေး​ပေး​ဆောင်​ခြင်းကို ​တောင်​ဒဂုံကညနရုံးနှင့် ထောက်​ကြန့်​ရုံးများတွင်​ ​...

Read more »

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »
Download Android App