ယခုအချိန်တွင် အ၀ယ်အေးနေသော်လည်း နိုဝင်ဘာ နှင့် ဒီဇင်ဘာ တွင် စုပြုံဝယ်ယူလာနိုင်သည့် ကားဈေးကွက်

        ယခုအချိန်တွင် လေလံမှမှာယူမှုနှင့် Showroom များ၊ Sales Center များ၌ ၀ယ်ယူမှုအရောင်းအ၀ယ် အေးစက်နေသော်လည်း လာမည့်နိုဝင်ဘာနှင့် ဒီဇင်ဘာတွင်စုပြုံဝယ်ယူသည့် ဈေးကွက်ဖြစ်လာနိုင်ကြောင်း Sales Center ပိုင်ရှင်တစ်ဦးကပြောပြခဲ့သည်။

အောက်တိုဘာလကုန်ပိုင်းတွင် ၂၀၁၅ ခုနှစ်အတွက် CIF တန်ဖိုးအသစ်များ ထုတ်ပြန်မည်ဟု သတင်း ထွက်ရှိခြင်းကြောင့်လည်း စောင့်ကြည့်နေကာ အ၀ယ်အေးနေကြောင်း ကားလေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်။ CIF တန်ဖိုးများထုတ်ပြန်ပြီးပါက နှစ်ကုန်ပိုင်းသို့ရောက်ရှိကာ အခွန်များလည်းလျှော့ပေါ့မည်မ ဟုတ်တော့ဘဲ တစ်ပြေးညီကောက်ခံတော့မည်ဖြစ်သဖြင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလ များတွင် စလစ်ကပ်ကားအ များအပြားဝယ်ယူသည့် ဈေးကွက်ဖြစ်လာဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။

CIF တန်ဖိုးအသစ်ထွက်ပါက ယခုနှစ် CIF တန်ဖိုးများနှင့် နှိုင်းယှဉ်ပြီး ဈေးကွက်တွင်းရောင်းချရန် အော် ဒါများတက်လာနိုင်ဖွယ်ရှိကြောင်း လေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်တင် သွင်းရမည့် မော်ဒယ်ကိုလည်း နှစ်တိုးမြင့်မည်ဟု သတင်းထွက်ပေါ်နေရာ တိကျစွာထုတ်ပြန်ပြီးပါကလည်း Free Permit ဖြင့် တင်သွင်းရမည့်အမျိုးအစားကားများ စုပြုံမှာယူနိုင်ကြောင်းပြောပြခဲ့သည်။

Ref: Auto World Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App