လာမည့်တစ်ပတ်အတွင်း ဂျပန် ကားလေလံများ ပိတ်မည်

ရန်ကုန်၊ သြဂုတ် ၇
လာမည့်တစ်ပတ်အတွင်း ဂျပန်ကားလေလံများ ပိတ်မည်ဖြစ်ကြောင်း ကားအရောင်းစင်တာများမှ သိရှိရသည်။

r

ဂျပန်နိုင်ငံတွင် သြဂုတ် ၁၀ ရက်မှ ၁၈ ရက်အထိ နွေရာသီ အားလပ်ရက်အဖြစ် သတ်မှတ်ပြီး ရုံးများ၊ ဌာနဆိုင် ရာများ တစ်ပတ်ခန့်ပိတ်မည်ဖြစ်ရာ ထိုကာလအတွင်း ကား လေလံကုမ္ပဏီများလည်း ခေတ္တပိတ်မည်ဖြစ်သည်။ နိုင်ငံတော် အစိုးရမှ စက်တင်ဘာလဆန်းပိုင်းမှစ၍ ကားအရောင်းစင်တာ များ၌ ၂၀၀၈ မိုဒယ်နှင့်အထက် ကားများကို တင်သွင်းရောင်း ချခွင့်ပြုမည်ဖြစ်ရာ ထိုကားများသည် ဂျပန်လေလံ၌ ဈေးနှုန်း မြင့်တက်လာဖွယ်ရှိကြောင်းလည်း ကားအရောင်းစင်တာများမှ သုံးသပ်ထားကြသည်။
အခြားသတင်းတစ်ရပ်အရ ဂျပန်ကားလေလံကုမ္ပဏီ တစ်ခုဖြစ်သော JP Centre သည် ရန်ကုန်မြို့၌ JPC Myanmar Auto Service အဖြစ် ၀ပ်ရှော့တစ်ခုဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ JPC Myanmar Auto Services ကို သြဂုတ် ၁၀ ရက်တွင် အမှတ်-၃/၄၊ န၀ဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့၊ Victoria ကုန်တိုက်အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ JPC Myanmar Auto Services သည် ဂျပန်မှ မှာယူတင်သွင်းထားသည့် ကားအမျိုးအစားပေါင်းစုံကို ခေတ်မီစက်ကိရိယာများဖြင့် ပြုပြင်ပေး သွားမည်ဖြစ်သည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by mariordo59

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App