အထပ်မြင့်ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်း နေရာသုံးနေရာ ပဏာမရွေးချယ်

အထပ်မြင့် ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်းရှိ နေရာသုံးနေရာကို ပဏာမရွေး ချယ်ထားကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။

[caption id="attachment_387788" align="alignnone" width="500"]Car Park Car Park[/caption]

ရန်ကုန်မြို့တွင်း ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေရှင်းရန် မီးပွိုင့်စနစ် ပြင်ဆင်ခြင်း၊ လမ်းသားချဲ့ထွင်ခြင်း၊ ခုံးကျော်တံတား တည်ဆောက်ခြင်း နှင့် စည်းကမ်းမဲ့ယာဉ်များ အရေးယူခြင်းတို့အပြင် ယာဉ်အစီးရေ များပြားလာမှုအပေါ် ကားရပ်ရန် နေရာလိုအပ်ချက်များရှိလာရာ မြေနေရာ အခက်အခဲရှိသော်လည်း ရန်ကုန်မြို့တွင်း၌ အထပ်မြင့် ကားပါကင်များ တည်ဆောက်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အထပ်မြင့် ကားပါကင် တည်ဆောက်ဖို့က ညှိနှိုင်းစရာတွေက အများကြီး၊ နေရာရွေးချယ်မှုကလည်း လိုသေးတယ်၊ မြေနေရာရှိပြီး ပါကင်ဆောက်လိုက်ပေမဲ့ ရပ်နားမယ့် ယာဉ်မရှိရင် မဖြစ်ဘူး၊ ရန်ကုန်မြို့ရဲ့ မြေနေရာကလည်း ရှာရခက်တယ်၊ အဓိက ကတော့ မြေနေရာမရှိလို့ ကြာနေတာ၊ ၂၀-၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းမှာတော့ စပြီး ဆောက်သွားမှာ၊ အခုတော့ ယာဉ်ကြော ကျပ်တည်းမှုနဲ့ ပါကင်လိုအပ်တယ်လို့ ထင်တဲ့ နေရာသုံးခုကို ပဏာမ ရွေးချယ်ထားတယ်၊( ဥပမာ) လှည်းတန်း လိုနေရာမျိုးပေါ့ ဟု ‘မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်းတံတား)’ ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ အထပ်မြင့် ကားပါကင်များကို ယာဉ်ကြော ကျပ်တည်းမှု အများဆုံးနှင့် လမ်းမျက်နှာစာ ယာဉ်ရပ်နားမှု အများဆုံးဖြစ်သည့် နေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် လှည်းတန်း လမ်းဆုံအနီး၊ ဆူးလေနှင့် အလုံမြို့နယ်တို့ကို ရွေးချယ်ထားကြောင်း သိရသည်။ သို့သော် မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူ တစ်ဦးကမူ အထပ်မြင့် ကားပါကင်များမှာ ရှေးဟောင်း အဆောက်အအုံများ၏ မြင်ကွင်းကွယ်မှု ဖြစ်ပွားနိုင်သည့်အတွက် တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
Ref: Auto mobile

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App