ကလေးနှင့် တမူးတွင် ဇန်န၀ါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီး ထပ်မံဖမ်းဆီးရမိ

ကလေးနှင့် တမူးမြို့တို့တွင် ဇန်န၀ါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း ‘ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(ကလေး)’ မှ သိရသည်။Low-of-Car

ဇန်န၀ါရီ ၁၆ ရက်က ဗိုလ်ချုပ်လမ်းနှင့် ဘူတာလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက် နေစဉ်အရှေ့မှ အနောက်သို့ လားလ်ထန်းလျံ အာ(သ) ၂၇ နှစ် မောင်းနှင်လာသည့် ၄ဂ/၇၄၀၁ နံပါတ် တပ်ဆင်ထားသော Honda Fit ခဲရောင် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော သက်သေခံ စာရွက် စာတမ်းများ ပြသနိုင်ခြင်း မရှိသဖြင့် ရဲအုပ်စိုးမိုးအောင်က တရားဥပဒေအရ အရေးယူပေးပါရန် ကလေးရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့ကြောင့် ယင်းအမှုအား ကလေး ရဲစခန်းက (ပ) ၂၈/၂၀၁၄ ပို့ကုန်၊ သွင်းကုန် ဥပဒေ-၈ အရ အရေးယူထားကြောင်း သိရသည်။ ယခု ဖမ်းဆီးရမိမှုသည် ကလေးမြို့တွင် ၂၀၁၄ ခုနှစ်၏ ဒုတိယ အကြိမ် ဖမ်းဆီးရမိမှု ဖြစ်ပြီး ဇန်န၀ါရီ ၁၀ ရက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာမှ လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီးရမိခဲ့သည်။ ကလေးမြို့ တွင်သာမက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင်လည်း ဇန်န၀ါရီ ၁၇ ရက်က သုံးမိုင် ရဲကင်းရှေ့၌ လုံခြုံရေး စစ်ဆေးရာမှ Pajero အဖြူရောင် လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
Ref: Automobile

Latest News

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »
Download Android App