ဇန်န၀ါရီလအတွင်း CNG ရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိ

စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် CNG သဘာဝဓာတ်ငွေ့ရောင်းချမှုမှ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိခဲ့ ကြောင်း ‘စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ’ မှ သိရသည်။


CNG1CNG သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဇန်န၀ါရီလအတွင်း ဓာတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း (၆၂၂) သန်း ကျော် ရောင်းချခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၃၇,၆၈၉ ကျော် ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ပလိပ်၊ ရေနံချောင်း၊ ချောက် မြို့နယ်များတွင် ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၁၇ သန်းကျော် ရောင်းချ ခဲ့ရပြီး ငွေကျပ် သိန်းပေါင်း ၁,၀၉၉ သိန်း ရရှိခဲ့ကြောင်း၊ တစ်လအတွင်း CNG စုစုပေါင်း ရောင်းချမှုမှ ငွေကျပ်သိန်းပေါင်း ၃၈,၇၉၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။ “CNG အရောင်းဆိုင်တွေကို ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ မြန်မာ တစ်နိုင်ငံလုံးအနေဖြင့် CNG အရောင်းဆိုင်ပေါင်း ၄၅ ဆိုင်ရှိပြီး ရန်ကုန်တွင် ဆိုင်ပေါင်း လေးဆယ်၊ မန္တလေးတွင် တစ်ဆိုင်၊ ရေနံချောင်းတွင် တစ်ဆိုင်၊ ပလိပ်တွင် တစ်ဆိုင် ရှိပြီး ချောက်မြို့တွင် တစ်ဆိုင်တို့ဖြစ်ကြောင်း သိရသည်။


Ref: Automobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App