ဖေဖော်ဝါရီလအတွင်း လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၁၀၀၀ ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း၌ ဖေဖော်ဝါ ရီလအတွင်း ယာဉ်မရပ်ရ သတ် မှတ်ထားသည့် လမ်းမကြီးများပေါ် တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နား မှု အရေးယူမှုပေါင်း ၁၀၀၀ ကျော်ရှိကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သိရသည်။

police1231

ယာဉ်မရပ်ရ သတ်မှတ်ထားသည့်လမ်းမကြီး ၅၇ ခုပေါ်၌ ရပ်နားသည့်ယာဉ်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ဖမ်းဆီး အရေးယူမှု စုစုပေါင်း ၁,၀၇၅ မှုရှိခဲ့ပြီး ကရိန်းဖြင့် ဖမ်းဆီး အရေးယူမှုပေါင်း လေးရာ၊ ချလန်ဖြတ် အရေးယူမှု စုစုပေါင်း ၈၅၅ မှု ရှိခဲ့ကြောင်း သိရသည်။ “ဖမ်းဆီးမှုတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လိုက်တော့ ယာဉ်ကြောကျပ်တည်းမှု သိသိသာသာ လျော့ကျသွားတယ်၊ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေကို အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အဆိုပါ ယာဉ်မရပ်ရ လမ်းမကြီးများပေါ် ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူမှုများအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် အထိ ယာဉ်အစီးရေ ၅,၁၂၁ စီးကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Ref : Automobile

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App