5G အက္ခရာထုတ်ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာ ငါးခု ရောင်းချပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိရာ 5G အက္ခရာထုတ် ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာနံပါတ် ငါးခုကို ရောင်းချပြီး ဖြစ်ကြောင်း ‘မြင်သာကညနရုံး’မှ သိရသည်။ CCar


ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် 5G အက္ခရာထုတ်ပေးစဉ်ကာ လအတွင်း 6G အက္ခရာ အပူးနံပါတ်များကို ကြိုတင်ရောင်းချမှုပြုလုပ်ခဲ့ရာတွင် 6G အက္ခရာနံပါတ် လေးခု သာ ရောင်းချရန် ကျန်ရှိတော့မည် ဖြစ်သည်။ 6G အက္ခရာ များမှာ 6G/2222 ကို ကျပ်သိန်း ၂၀၊ 6G/3333 ကို ကျပ်သိန်း ၂၀၊ 6G/6666 ကို ကျပ် ၄၄ သိန်း၊ 6G/8888 ကို ကျပ်သိန်း ၅၀၊ 6G/9999 ကို ကျပ် ၅၆ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 5G အပူးနံပါတ်များမှာမူ နံပါတ်ကိုးခုစလုံး ရောင်းချပြီးဖြစ်ကြောင်း သိရသည်။ ယာဉ် ပိုင်ရှင်များ စိတ်ကြိုက် နံပါတ်အလှများ ရောင်းချခြင်းနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာန မှ တာဝန်ရှိသူတစ်ဦးက “ဒီတစ်ပတ်အတွင်းမှာတော့ 6G အပူးနံပါတ်တွေကို အကုန်လုံးရောင်းချပြီးသွားပါပြီ၊ နောင်လာမယ့် 6G အက္ခရာတွေထဲမှာတော့ အပူးအက္ခရာ နံပါတ် ငါးခုဝယ်ယူမှု ပြုလုပ်ထားပါတယ်၊ ရောင်းချမှုအခြေအနေကတော့ အရင် ထက် ပိုကောင်းလာပါတယ်၊ အပူးအက္ခရာ မဟုတ်တဲ့ ပေါင်းခြင်းအက္ခရာ နံပါတ်တွေ၊ အက္ခရာအစဉ်လိုက်တွေနဲ့ ထောင်ဂဏန်း နံပါတ်တွေကိုပါ အခုနောက်ပိုင်း စိတ်ဝင် တစား ၀ယ်ယူလာတာကို တွေ့ရပါတယ်၊ အဲဒီ အထဲမှာတော့ အပူးအက္ခရာတွေက လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေ တဲ့အတွက် ကြိုတင်ဝယ်ယူ ထားတဲ့သူတွေ ပိုများပါ တယ်”ဟု ပြော ကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်မှတ်ပုံတင်မှုများကို နေ့ စဉ်ပြုလုပ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရောက်ရှိ နံပါတ်များမှာ 5G/8832 ၊ DD/6659 နှင့် 8L/3946 သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။


Ref : Automobile

Latest News

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »
Download Android App