၂၀၁၄ နှစ်ဆန်းပိုင်းတွင် ယာဉ်/ယန္တရား လျှောက်ထားမှု စာရင်း၌ Mini Bus နှင့် Mini Truck အများဆုံးပါဝင်

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ယာဉ်/ယန္တရားစာရင်း၌ Mini Bus နှင့် Mini Truck အများဆုံးပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းဌာနခွဲ မှ သိရသည်။Mini-Truck
ဇန်န၀ါရီလဆန်းပိုင်း၌ ယာဉ်/ယန္တရား လျှောက်ထားမှုစာရင်းတွင် အစီးရေ ၁,၅၂၈ စီး ပါမစ်လျှောက်ထားခဲ့ပြီး Mini Bus၂၅၁ စီး၊ Mini Truck ၄၀၇ စီး၊ Light Truck ၄၂၃ စီးအပါအ၀င် Prime Mover ၊ Space Cab ၊ Pcik Up ၊ Double Cab ကားများ ပါဝင်ခဲ့သည်။ ထို့ပြင် ဇန်န၀ါရီ ၂ ရက်မှ ၁၄ ရက်အထိ လူစီးဆလွန်းများ၊ ၀က်ဂန်များ နှင့် ထရပ်ကား၂၁၇ စီး ကိုလည်း ပါမစ်ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရသည်။
ယခုလအတွင်း ပါမစ်ထုတ်ပေးခဲ့သည့် လူစီးယာဉ်များထဲ၌ Toyota ၊ Honda ကားများ အများဆုံး ပါဝင်ခဲ့ပြီး Mazda ၊ Nissan ကားများလည်း ပါဝင်ခဲ့သည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစဖြစ်သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ ယခုနှစ် ဇန်န၀ါရီ ၁၄ ရက် အထိ လူစီးယာဉ်၊ Truck နှင့် Bus ၁၇,၂၄၃ စီးကို ပါမစ်ထုတ်ပေးခဲ့ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀,၄၆၄,၈၁၀ ရှိခဲ့ကြောင်း အဆိုပါ ဌာနမှ သိရသည်။


 

Ref: Automobile

Latest News

၁၉၉၅ မော်ဒယ်​အထက်​ ခရီးသည်​တင်​ယာဉ်​များကို...

Transportation driving yangon 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​နေ​​သော ၁၉၉၅ မေယ်ဒယ်​အထက်​ ခရီးသည်​တင်​ယာဉ်​များကို တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ...

Read more »

မီးလောင်မှုပြဿနာများကိုကြုံတွေ့ပြီးနောက် ဒေါ်လာ ၄...

170215105927 lamborghini venenos recall car 780x439

ကားဝါသနာရှင်တိုင်း အသဲစွဲ အူးလှိုက်သဲလှိုက် မျက်စိကျကြတဲ့ Super ကားနဲ့ ပြိုင်ကားတွေသာ ထုတ်လုပ်တဲ့ အီတလီကားကုမ္မဏီတစ်ခုဖြစ်တဲ့ Lamborghini ဟာ...

Read more »

ပြိုင်​ကားဟု သတ်​မှတ်​ထားသည့်...

Sport type car1 150x150

ပြိုင်​ကားအဖြစ်​သတ်​မှတ်​ထား​သော ပြိုင်​ကားအုပ်​စုတွင်​ပါဝင်​​နေ​သော ကားများကို တင်​သွင်းခွင့်ပြုသွားမည်​မဟုတ်​​ကြောင်း စီးပွား​ရေးနှင့်...

Read more »

ကားအ​ရောင်းပြခန်းများ​ပေးသွင်းရသည့် Deposit...

Car showroom 150x150

ကားအ​ရောင်းပြခန်းများ​ပေးသွင်းရသည့် Deposit ​ဒေါ်လာ ၁ သိန်းအစား မြန်​မာ​ငွေကျပ် ​သိန်း ၁၅၀၀ ​ပြောင်းလဲသတ်​မှတ်​ခဲ့ပြီးဖြစ်​​ကြောင်း...

Read more »

မီနီဘတ်​စ်​ ကားများကို အချက်​ ၃ ချက်​ဖြင့်...

Mini 150x150

ပြည်​ပနိုင်​ငံများက တင်​သွင်းထား​သော မီနီဘတ်​စ်​ ကားများကို အချက်​ ၃ ချက်​ဖြင့် စစ်​​ဆေးခြင်းကို အချက်​ ၂ ချက်​ ​တူညီ​နေပါက ဒဏ်​မရိုက်​ဘဲ...

Read more »
Download Android App