i-Pay ကတ် (၆၅၀၀၀၀) ခန့်ရောင်းချ ခဲ့သော်လည်း နေ့စဉ်အသုံးပြု သူဦးရေ (၃၄၀၀)ခန့်သာရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်များ စီးနင်းလိုက်ပါသည့် မော်တော်ယာဉ်များ၊ သဘောင်္များတွင် စီးနင်းခ အလွယ်တကူ ပေးဆောင်နိုင်ရန် i-Pay စနစ်ဖြင့် i-Pay ကဒ်များကို ရောင်းချပေးလျှက်ရှိရာ လက်ရှိအချိန်အထိ i-Pay ကတ် (၆၅၀၀၀၀) ခန့် ရောင်းချမှုရှိခဲ့သော်လည်း ယင်း i-Pay ကဒ်ကို နေ့စဉ်အသုံးပြုသူ ဦးရေမှာ (၃၄၀၀) ခန့်သာ ရှိနေသောကြောင်း သိရှိရပါသည်။

I-Pay

ပန်းဆိုးတန်း-ဒလဆိပ်ကမ်း တွင်လည်း i-Pay စနစ်ထားရှိ ပေးထားပြီး လက်ရှိအချိန်တွင် ယင်းစနစ်များကို ကျောင်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်နေပြီး ဒဂုံတက္ကသိုလ် ကျောင်းဝင်း အတွင်းရှိ ကန်တင်း (၄) ခုတွင် စတင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် i-Pay ကတ်ကို နေ့စဉ် အသုံးပြုနေသည့် မော်တော်ယာဉ်လိုင်းတွင် (၁၅၀၀) ဦးခန့်၊ သဘောင်္တွင် (၁၈၀၀) ဦးခန့်၊ ကန်တင်းတွင် (၁၀၀) ဦးခန့် အသီးသီး အသုံးပြုနေ ကြကြောင်းလည်း သိရှိရသည်။ i-Pay သုံးသည့် ပြည်သူများကို ဝန်ဆောင်မှုပေးရန် i-Pay Station (၉) ခု ၊ i-Pay Bus Stand (၉) ခု တည်ဆောက် ပးထားပြီး ထပ်မံပြီး i-Pay Bus Stand (၂၂) ခုကို တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ I-Pay ကဒ်ဖြင့် ငွေပေးချေမှု ကို (၂၀၁၂) ခုနှစ် ဧပြီ (၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းပြေးဆွဲသော ခရီးသည်တင် ဘတ်စ်ကားများတွင် i-Pay စက်တပ်ဆင် ပေးထားသည်မှာ (၂၀၁၃) ခုနှစ်၊ နိုဝင်ဘာလအထိ ယာဉ်အစီးရေ (၃၃၅) စီး အထိရှိလာ ခဲ့ကြောင်း သိရှိရပါသည်။
Ref:  Auto World

Latest News

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »
Download Android App