Hyundai Motor Myanmar မှ တရုတ်နှစ်ကူးအထူးအစီအစဉ်အဖြစ် ကားများအတိုးမဲ့အရစ်ကျ ရောင်းပေးမည်

Chinese-New-Year-Elantra-500x236

Hyundai Motor Myanmar မှ တရုတ်နှစ်ကူးအထူးအစီအစဉ်အဖြစ် နာမည်ကြီး Hyundai ကားမော်ဒယ် (၆)မျိုးကို အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်.။ ရောင်းချပေးမည့် ကားမော်ဒယ် (၆)မျိုးမှာ Hyundai Sonata (2.0L, saloon) ၊ Azera (3.0L, sedan) ၊ SantaFe (2.2L, SUV) ၊ Elantra (1.6L, saloon)၊ i-30 (1.6L, hatchback) နှင့် H100 (2.6L, light truck) တို့ဖြစ်ပြီး အရစ်ကျကာလကို (၁)နှစ် (၁၂ လ) မှ (၃)နှစ် (၃၆ လ) အထိ စိတ်ကြိုက်ရွေးချယ် ပေးသွင်းနိုင်ကြောင်းသိရသည်.။ ထို့ပြင် ယင်းကား (၆) မျိုးကို အရစ်ကျမဟုတ်ဘဲ လက်ငင်းဝယ်ယူမည်ဆိုပါက အထူး Discount များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်.။

 

MyanmarCarsDB မှ Hyundai ကားများကိုကြည့်ရန်

 

ဝယ်ယူနိုင်မည့် Promotion ကာလမှာ ဇန်နဝါရီ (၂၀) မှ ဖေဖော်ဝါရီ (၂၈) ရက်နေ့အထိဖြစ်ပြီး Customer များအနေဖြင့် မိမိတို့အတွက် ကံကောင်းစေသည်ဟု ယူဆသော နံပါတ်များရှိပါက ကားနံပါတ်ရွေးချယ်နိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ပါသည်.။ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် - ၀၁- ၆၅၃၂၇၁၊ ၀၉ ၄၂ ၁၀၀ ၂၀၅၁ ဖြစ်ပြီး မန္တလေးမြို့တွင်မူ အမှတ် (၁၀)၊ လမ်း (၄၀)၊ (၇၈) လမ်းနှင့် (၇၉)လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊ ဖုန်းနံပါတ် ၀၂- ၃၆၇၉၇ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်..။

 

Elantra_main_10_2013_1st-500x375 Elantra_main_13_2013-500x281 I30_EXTERIOR_MAIN_06-500x210 SANTAFE_MAIN_15_EX-500x352 SONATA_MAIN_11-500x215SONATA_SUB_2012_02-500x254

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App