မြန်မာ့မော်တော်ယာဉ်ဈေးကွက်တွင် ဟွန်ဒိုင်းဈေးကွက် ဝေစုထပ်ချဲ့မည်

မြန်မာ့မော်တော်ယာဉ်ဈေးကွက်အတွင်း ကိုရီးယားအခြေစိုက် နာမည်ကျော် ဟွန်ဒိုင်းမော်တော်ယာဉ်များ ဈေးကွက်ဝေစုပိုမိုရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်တွင်းသို့ ဟွန်ဒိုင်းမော်တော်ယာဉ်များတင်သွင်းနေသော Kolao Holdings မှ အမှုဆောင်အရာရှိဖြစ်သူ Oh Sei Young က ပြောကြားသည်။

images-30

ကိုရီးယားဇာတ်လမ်းတွဲများကို လူအများ၏ စိတ်ဝင်စားမှုကြောင့် ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းမော်တော်ယာဉ်များ ဈေးကွက်အတွင်း အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားပြီး Hyundai Motor အနေနှင့် လာမည့်နှစ်အတွင်း Starex Van နှင့် Elantra small sedan အရေအတွက် ၁၅၀၀ ကို မြန်မာနိုင်ငံတွင် ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောဆိုသည်။

ဟွန်ဒိုင်းမော်တော်ယာဉ် ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လူတစ်ထောင်လျှင် မော်တော်ကားခြောက်စီးသာ ဈေးကွက်ဝေစုရရှိထားပြီး လာမည့် ၃ နှစ်မှ ၅ နှစ် အတွင်း ပြည်တွင်းဈေးကွက်အတွင်းရှိ မော်တော်ယာဉ်စုစုပေါင်း၏ ၁၅ % အထိရရှိရန် ရည်ရွယ်ထားကြောင်း အဆိုပါကုမ္ပဏီထံမှသိရှိရသည်။

ဟွန်ဒိုင်းမော်တော်ယာဉ်အရောင်းပြခန်းကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် သြဂုတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၀၁၈ တွင် အဓိက မြို့ကြီးများတွင် အရောင်းကိုယ်စားလှယ် ၁၄ ဦးအထိ တိုးချဲ့သွားရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကား၍ Reuter သတင်းဌာနမှ တင်ပြသည်။

Hyundai Motor သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အရောင်းပြခန်းနှင့် အရောင်းကိုယ်စားလှယ် ၆၀၀၀ ကျော်ရှိပြီး ကိုရီးယားနိုင်ငံတွင် အကြီးဆုံးမော်တော်ယာဉ်ကုမ္ပဏီကြီးဖြစ်ကြောင်း သိရှိရသည်။

The Voice Daily မှ ကူးယူဖော်ပြသည်။

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App