Grade A ရမှသာ ပြည်တွင်းရှိ ကားအရောင်းပြခန်းများ မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ပြုမည်

ရန်ကုန်၊ သြဂုတ် ၈

ပြည်တွင်းရှိ ကားအရောင်းစင်တာများထဲ၌ Grade A အဆင့်သတ်မှတ်ချက် ရရှိသည့်ကားအရောင်းစင် တာများသာ မော်ဒယ်လ်မြင့်ကားများ တင်သွင်းရောင်းချခွင့်ရရှိမှာဖြစ်ကြောင်း သတင်းရရှိသည်။

8994568044_198e5ab5ff (1)

ကားအရောင်းစင်တာများ အဆင့်သတ်မှတ်ရာတွင် ကားအရောင်းစင်တာများ၏ ရောင်းချရသည့်အစီး ရေပေါ်မူတည်၍ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းနှင့် မော်တော်ယာဉ်ကြီးကြပ်ရေးရုံးအဖွဲ့က ကားအရောင်းစင် တာများ၏ အခြေအနေကို စစ်ဆေးကြည့်ရှုနေကြောင်း သိရှိရသည်။

ကားအရောင်းစင်တာများ ကားရောင်းချရာတွင် ကားတင်သွင်းခွင့်လျှောက်ရာမှ ငွေပြန်လွှဲအပ်ပြီးသည်အထိ အစီးရေမည်မျှရောင်းချရမှုအပေါ်မှာ မူတည်ပြီး အဆင့်သတ်မှတ်ကြောင်းနှင့် ရောင်းချရာတွင် (၇၅) ရာခိုင်နှုန်းကျော်ရောင်းရသည့် အရောင်းစင်တာများကို Grade A သတ်မှတ်ပြီး (၂၀၀၈) မှ (၂၀၁၁) အထိ မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ရရှိမှာဖြစ်ကြောင်း သိရှိရ သည်။ ထို့အတွက် Grade A ရရှိ သည့် အရောင်းစင်တာတစ်ခုသည် မော်ဒယ်လ်မြင့်ကားအစီးရေ (၅၀) ကို တင်သွင်းခွင့်ရရှိမှာဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ အရောင်းပြခန်းတချို့သည် မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ရရှိရန် အရောင်းစင်တာ ရှိကားများကို အရစ်ကျစနစ်များဖြင့် ရောင်းချနေကြသည်။ ယခုအခါ ကားအရောင်းစင်တာများသည် (၁၉၉၇) မှ (၂၀၀၇) ခုနှစ် မော်ဒယ်လ်များကိုသာ တင်သွင်းခွင့်ရှိနေခြင်းကြောင့် အဆိုပါ မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ကို စိတ်ဝင်စားနေကြကြောင်း သတင်းရရှိသည်။

Auto World Journal မှ ကူးယူဖော်ပြသည်။

Photo credit by Guilhem Vellut

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App