GM မှမြန်မာဈေးကွက်သို့ ဝင်ရောက်မည်

အမေရိကန်နိုင်ငံမှ General Motors သည်လည်း မြန်မာနိုင်ငံ၏ ဈေးကွက်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု သိရပါသည်။ General Motors သည် Pacific Alpine Pte. Ltd., နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် Chevrolet ကားများ ဖြန့်ချီရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့် ဝန်ဆောင်မှုများပေးမည်ဖြစ်သည်။ ကမ္ဘာတဝန်းရှိ GM ၏ကားထုတ်လုပ်သည့် စက်ရုံများမှ ထုတ်လုပ်သည့် ကားများအနက် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ကားများအမျိုးအစားများကို တင်သွင်းရောင်းချသွားမည်ဟုသိရသည်။ 

"ယခုအချိန်ဟာ အချိန်ကောင်းပါပဲ။ ကျွန်တော်တို့မှာ အင်မတန် ကောင်းမွန်တဲ့ ကားအမျိုးအစား အများကြီးရှိပါတယ်။ လုပ်ငန်းသုံး Truck ကားတွေ၊ SUV တွေကစလို့ ဖက်ရှင်ကျတဲ့ ကားအလှတွေအထိ အကုန်ရှိပါတယ်။ ကျွန်တော်တို့ Chevrolet မှ အဆင့်အတန်းမြင့် ကွာလတီကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်နာမည်ကို ခိုင်မာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။" ဟု GM Southeast Asia Operations မှ President ဖြစ်သူ Martin Apfel မှပြောကြားခဲ့ပါသည်။

BT_20130709_SECHEVY9_654536e-500x283

GM နှင့် အကျိုးတူပူးပေါင်းမည့် Pacific Alpine Pte. Ltd., မှာ Alpine Group Singapore နှင့် AA Medical (Pacific-AA Group) တို့ပူးပေါင်းတည်ထောင်ထားသည့် ကုမ္ဗဏီတစ်ခု ဖြစ်ပါသည်။ Alpine Group Singapore သည် Chevrolet နှင့် Opel ကားများကို စင်ကာပူနိုင်ငံသို့ တစ်ဦးတည်းတင်သွင်းခွင့်ဖြင့် တင်သွင်းရောင်းချနေသော ကုမ္ဗဏီဖြစ်ပြီး Pacific-AA Group သည်မြန်မာနိုင်ငံတွင် ဆေးပစ္စည်းများနှင့် စက်ဆီချောဆီများ တင်သွင်းရောင်းချနေသော ကုမ္ဗဏီဖြစ်သည်။

GM သည်လည်းကောင်းတို့၏ ပထမဆုံး ကားအရောင်းပြခန်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရပါသည်။

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App