ကနဦးမှတ်ပုံတင်ဌာနမှ ဘဏ်ချလန်ထုတ်ပေးမှု မတ် ၂၄ ရက်မှ ၂၆ ရက်အထိ ရပ်နားထားမည်

ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားမှုဦး စီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်စာရင်းများ ဆောင်ရွက်မည်ဖြစ်သည့် အတွက် ငွေသွင်းဘဏ်ချလန်ရေး သားထုတ်ပေးခြင်းကို လေးရက် ခေတ္တရပ်နားမည်ဖြစ်ကြောင်း သိရသည်။

KA Nya Na
ကညန အနေဖြင့် ငွေပေးသွင်းရန်အတွက် ဘဏ်ငွေသွင်း ချလန်ရေးသား ထုတ်ပေးခြင်းကို မတ် ၂၄ ရက်အထိသာ လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပြီး ငွေပေးသွင်းပြီး သည့် ဘဏ်ငွေသွင်းချလန်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ မတ် ၂၆ ရက်နေ့ မတိုင်မီ အမြန်ဆုံးပြန်လည်ပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ငွေပေးအမိန့်လွှာ (Payment Order)အား မတ် ၂၆ ရက် အထိသာ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြင်သာ ကညနရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ကနဦးမော်တော်ယာဉ်မှတ်ပုံ တင်ခ ငွေသွင်းခြင်းကို ခေတ္တရပ်ဆိုင်း ထားခြင်းနှင့် ပတ်သက်၍ ကညနရုံး တာဝန်ရှိသူတစ်ဦးက “ကညန အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်စာရင်းတွေကို ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် ငွေသွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို မတ် ၂၆ ရက်နေ့ အထိပဲ လက်ခံဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်၊ မတ် ၂၈ ရက်က နေ ၃၁ ရက်အထိကိုတော့ ငွေလက်ခံတာကို ရပ်ဆိုင်းထားမှာပါ၊ အခုလို ရပ်ဆိုင်းထားတဲ့ ရက်တွေအတွက် ငွေသွင်းရက်လွန် ခွင့်ပြုရက် ၁၄ ရက်ကို တွက်ချက်ရာမှာ ထည့်သွင်းရေတွက်ခြင်း မပြုပါဘူး” ဟုပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနအနေဖြင့် နှစ်စဉ် ဘဏ္ဍာနှစ် ချုပ် စာရင်းများကို ဆောင်ရွက်လေ့ရှိပြီး အဆိုပါရက် များတွင် ငွေသွင်းခြင်းဆိုင်ရာ လုပ်ငန်းများကို ရပ်နားထားလေ့ရှိကာ ယာဉ်ပိုင်ရှင်များအနေဖြင့် ငွေသွင်းခြင်းဆိုင်ရာ လုပ်ငန်းများရပ်နား ထားစဉ်ကာလအတွင်း အခက်အခဲ မဖြစ်စေရန် မတ်လ ၂၄ ရက်နေ့ မတိုင်မီ ငွေသွင်းခြင်းကိစ္စများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မြင်သာ ကညနရုံးမှ သိရသည်။


 

Ref: Automobile

Latest News

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »

ကားအ​ရောင်းပြခန်းများနှင့်...

Consignment 150x150

ကားအ​ရောင်းပြခန်းများနှင့်အ​ရောင်းစင်​တာများက Consigniment စနစ်​ဖြင့်တင်​သွင်းထား​သော ကားများကို စလစ်​ကပ်​ရန်​ သက်​တမ်း ၆ လတိုး​​ပေးသည်​မှာ...

Read more »

လိုင်​စင်​ ပါမစ်​မရရှိခင်​ ဆိပ်​ကမ်းသို့...

Mg 3057 copy 150x150

အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်း ၆/၂၀၁၇ ဥပ​ဒေအရပြည်​ပနိုင်​ငံများ တင်​သွင်းလာ​သော ​မော်​​တော်​ယာဉ်​များသည်​ လိုင်​စင်​ ပါမစ်​မရရှိခင်​...

Read more »

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »
Download Android App