ဘရိတ်ဆီကို ပုံမှန်လဲပေးသင့်သလား?

ဘရိတ်ဆီ လဲသင့်မလဲသင့်နဲ့ပတ်သက်ပြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် ကွဲပြားမှုတွေရှိပါတယ်.။ Marcedes-Benz ကားတွေရဲ့ အညွန်းမှာ ဘရိတ်ဆီကို (၂) နှစ်တစ်ကြိမ် (သို့) မိုင် (၂၀၀၀၀) မောင်းနှင်ပြီးတိုင်း လဲလှယ်ပေးသင့်တယ်လို့ ဆိုထားပြီး Volkswagen ကားကုမ္ပဏီကလဲ သူ့ရဲ့ကားမော်ဒယ်အများစုကို (၂) နှစ်တစ်ကြိမ်လဲလှယ်ပေးသင့်တယ်လို့ ဆိုပါတယ်.။ Subaru ကတော့ မိုင် (၃၀၀၀၀) မောင်းနှင်ပြီးတိုင်း လဲလှယ်သင့်တယ်လို့ ဆိုပါတယ်.။

6a00d83451b3c669e2019b02bdf759970b-800wi

သို့ပေမယ့် Chevrolet ကုမ္ပဏီရဲ့ Schedule အရဆိုရင်တော့ (၁၀) နှစ် (သို့) မိုင် (၁၅၀၀၀၀) မောင်းနှင်ပြီးတိုင်း လဲလှယ်သင့်တယ်လို့ ဆိုထားပြီး Ford နဲ့ မြန်မာပြည်မှာ အစီးများတဲ့ Toyota ကုမ္ပဏီတွေကတော့ ဘရိတ်ဆီနဲ့ပတ်သက်လို့ လဲလှယ်ဖို့ ပြောဆိုထားခြင်းမရှိပါဘူး.။

MyanmarCarsDB မှ Toyota ကားများကိုကြည့်ရန်

 

ဒါဆိုရင် ဘရိတ်ဆီမလဲရင် ဘာများဖြစ်နိုင်ပါသလဲ?

 

ဘရိတ်ဆီတွေဟာ အလုံပိတ်ထားတဲ့နေရာမှာ Seal လုပ်ထားတယ်ဆိုပေမယ့် ရေငွေ့စိမ့်ဝင်မှု ဖြစ်နိုင်ချေရှိပါသေးတယ်.။ ရေငွေ့တွေဟာ ဘရိတ်စနစ်ကို တိုက်စားပျက်စီးခြင်း ဖြစ်နိုင်သလို ဘရိတ်ဆီရဲ့ ရေဆူအမှတ်ကို လျော့ကျစေပြီး အကြိမ်ရေများများ ဘရိတ်အုပ်တဲ့အခါ ဘရိတ်ဖမ်းတဲ့စနစ်ကိုလဲ နှေးကွေးစေပြီး လျော့ကျစေနိုင်ပါတယ်.။

 

ဒါဆိုရင် အချိန်ဘယ်လောက်ကြာရင် လဲလှယ်ပေးရမလဲ?

 

အချိန် (၂)နှစ်တစ်ကြိမ် (သို့) (၃) နှစ်တစ်ကြိမ်လဲလှယ်ပေးခြင်းဟာ ခဏခဏလဲပေးသလိုဖြစ်နေတယ် ဆိုပေမယ့် သင့်စိတ်ကိုကျေနပ်စေမယ်ဆိုရင် လဲပေးသင့်ပါတယ်.။ ဒါမှမဟုတ် သင်စီးတဲ့ကားကို ထုတ်လုပ်တဲ့ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ Schedule မရှိဘူးဆိုရင် သင့်ရဲ့ အခြားဘရိတ်စနစ်တွေကို စစ်ဆေးရင်း (၄-၅) နှစ်တစ်ကြိမ် လဲလှယ်ပေးခြင်းဟာ အဆင်ပြေပါတယ်.။ လဲလှယ်တဲ့အခါမှာလဲ ကားကုမ္ပဏီက ထောက်ခံပေးတဲ့ ဘရိတ်ဆီအမျိုးအစားကို လဲလှယ်ပေးသင့်ပါတယ်.။ တစ်ချို့ကားတွေဟာ DOT3 ထည့်သွင်းပေးဖို့ ထောက်ခံထားပြီး တစ်ချို့ကတော့ DOT5 ကို ထောက်ခံပေးထားပါတယ်.။

 

Aung Mon Chan

www.myanmarcarsdb.com

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App