DD အက္ခရာတက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှအစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်

ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း ရွာသာကြီး ကညနရုံးမှ သိရသည်။Myanmar-3
နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာများ နံပါတ်ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဇန်န၀ါရီ ၈ ရက်အထိ ရောက်ရှိနံပါတ် DD/4037 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီရက်ပိုင်းအတွင်းမှာ တစ်ရက်ကို DD အက္ခရာ အငှားယာဉ် အစီးရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ တစ်ရက်နဲ့တစ်ရက် မှတ်ပုံတင်လာရောက် ပြုလုပ်တဲ့ အရေအတွက်က မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေလေးဆယ်ဝန်းကျင်ပဲ လာရောက်ပြီး တချို့ရက်တွေ မှာတော့ အစီးရေကိုးဆယ်ကျော်အထိ မှတ်ပုံတင်လာရောက် ပြုလုပ်ကြပါတယ်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဇန်န၀ါရီ ၈ ရက်တွင် 4G အက္ခရာများကို စတင်ထုတ်ပေးခဲ့ရာ ရွာသာကြီး ကညနရုံး၌ ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 4G/1201 မှ စပြီး ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

Ref: Automobile

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App