DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်

ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း ‘ရွာသာကြီး ကညနရုံး’မှ သိ ရသည်။Myanmar-3
နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာနံပါတ်များ ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ အထိ ရောက်ရှိနံပါတ် DD/ 6304 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီရက်ပိုင်းအတွင်းမှာ တစ် ရက်ကို DD အက္ခရာ အငှားယာဉ် အစီးရေ ခုနစ်ဆယ်ဝန်းကျင်က ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ကြပါတယ်၊ ဒီလထဲမှာ တစ်ရက်နဲ့ တစ်ရက် မှတ်ပုံတင် လာရောက်ပြု လုပ်တဲ့ အရေအတွက် မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေ ငါးဆယ်ဝန်းကျင် လာရောက်ပြီး တချို့ရက်တွေမှာတော့ တစ်ရာကျော်အထိ မှတ်ပုံတင် လာရောက်ပြုလုပ် ကြပါတယ်၊ လေးလုံးပူး နံပါတ်တွေ ထုတ်လုပ်မှုကတော့ အရင်တိုင်း ကုမ္ပဏီတွေကို ချန်လှပ်ပြီး တစ်ဦးချင်း တင်သွင်းသူတွေကိုပဲ မဲနှိုက်ရွေးချယ်ပေး နေပါတယ်”ဟု ပြော ကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 5G/1201 မှစပြီး ကနဦးမှတ်ပုံတင် ပြုလုပ် ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် 5G/5672 ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

 

Ref : Automobile

Latest News

နယ်လိုင်စင်ဖြင့်ေ​​​​ပြးဆွဲ​နေ​သော အဌားယာဉ်​...

Taxi 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း နယ်လိုင်စင်ဖြင့်ေ​​​​ပြးဆွဲ​နေ​သော အဌားယာဉ်​ (Taxi )​အစီး​ရေကို ထိန်းချူ ပ်​နိုင်​ရန်​ ပထမအဆင့်...

Read more »

မော်ေ​တာ်​ယာဉ်​များတွင်​ တပ်​ဆင်​​သော...

Suzuki super carry toyota hilux yangon 150x150

မော်ေ​တာ်​ယာဉ်​များတွင်​ တပ်​ဆင်​​သော ​ဖောင်းကြွနံပါတ်​ပြား ​ပျောက်​ဆုံးခြင်းကို သတင်းစာ​ကြေငြာထည့်​သွင်းရန်​ မလို​​တော့​ကြောင်း...

Read more »

မတ်​လ ၁ ရက်​မှစ၍ ယာဉ်​သက်​တမ်းတိုး ​အာမခံ​ကြေး...

Download 150x150

မတ်​လ ၁ ရက်​မှစ၍ ယာဉ်​သက်​တမ်းတိုး​အာမခံ​ကြေး​ပေး​ဆောင်​ခြင်းကို ​တောင်​ဒဂုံကညနရုံးနှင့် ထောက်​ကြန့်​ရုံးများတွင်​ ​...

Read more »

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »
Download Android App