လေထထဲမှ ဂေါက်သီးအား ကားဖြင့်မောင်းပြီး လိုက်ဖမ်း၍ ကမ္ဘာ့စံချိန်တင်

ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard သည် တစ်နာရီလျှင် ၁၇၈မိုင်နှုန်းဖြင့် ရိုက်လိုက်သော ဂေါက်သီးအား ကားဖြင့်မောင်းပြီး လိုက်ဖမ်း၍ ကမ္ဘာ့စံချိန်တင်သွားကြောင်း သိရသည်။
မာစီးဒီးကားကုမ္ဗဏီမှ Viral Film အဖြစ်ရိုက်ကူးသောအစီအစဉ်အတွက် ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်သမားဖြစ်သော Jake Shepherd နှင့် ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard တို့အား ခေါ်ယူရိုက်ကူးခြင်းဖြစ်သည်။

mercedes-benz-sls-golf-ball-catch-500x333

David သည် 571hp ရှိသော Mercedes-Benz SLS AMG Roadster ကားအား တစ်နာရီမိုင် ၁၂၀ နှုန်းဖြင့်မောင်းနှင်ပြီး Jake ရိုက်လိုက်သော ဂေါက်သီးအား လည်းကောင်း အမိုးပွင့်ကားပေါ်မှ ဖမ်းပြခြင်းဖြစ်သည်။ ပထမအကြိမ်ရိုက်ကူးမှုမှာ မအောင်မြင်သော်လည်း ဒုတိယအကြိမ် ပြန်လည် ရိုက်ကူးရာတွင် ထိုသို့ဖမ်းနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်ဟု မာစီးဒီးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမှတ်တမ်း ဗီဒီယိုအား ဂျူလိုင်လဆန်းပိုင်းတွင် မာစီးဒီး၏ SLS AMG Roadster ကားအားဂုဏ်ပြုသောအားဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ David Coulthard က "အခုလို ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးပမ်းမှုဟာ ကျွန်တော့်ကို ကားနဲ့တစ်ခုခုလုပ်ပြခိုင်းတဲ့ တကယ့်အထူးဆန်းဆုံးတွေထဲက တစ်ခုပါပဲ။ Jake hepherd နဲ့အလုပ်တွဲလုပ်ရတာ တော်တော်အဆင်ပြေပါတယ်။ အင်မတန် performance ကောင်းတဲ့ SLS AMG Roadster ကားကိုမောင်းပြီး လေထဲက ဂေါက်သီးကို ဖမ်းဖို့ကြိုးပမ်းရတာ အင်မတန်စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။" ဟုပြောကြားသွားပါသည်။

Latest News

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »
Download Android App