ရွှေတိဂုံဘုရားလမ်းအား တစ်လမ်းမောင်းစနစ် ကျင့်သုံးသကဲ့သို့ ရန်ကုန်တိုင်း အစိုးရခွင့်ပြုချက် ရပါက အခြားလမ်းမများတွင် တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားမည်။


YTP

ရွှေတိဂုံဘုရားလမ်းမကြီးအား ​မေလ ၃၀ ရက်​​နေ့မှစ၍ တစ်​လမ်း​မောင်းစနစ်​ အသုံးပြု​မောင်းနှင်​ရန်​ လုပ်​​ဆောင်​ခဲ့ပြီး ရန်​ကုန်​တိုင်း​ဒေသကြီး အစိုးရအဖွဲ့မှ အခြားလမ်းမကြီးများကို တစ်​လမ်း​မောင်းစနစ်​ ကျင့်သုံးသွားရန်ရှိကြောင်းသိရသည်။


ရွှေတိဂုံဘုရားလမ်းအား တစ်​လမ်း​မောင်းစနစ်​ အသုံးပြု ခြင်းကိုယာဉ်​​မောင်းသူများသိရှိရန်​ တစ်​လ​ကျော်​ကြာ ပညာ​ပေး စနစ်​ပြုလုပ်​သွားမည်​ဖြစ်​ရာ ​နောက်​ပိုင်းတွင်​ တစ်​လမ်း​မောင်းစနစ်​ ထဲသို့ ဝင်​​ရောက်​​မောင်းနှင်​လာသည့်​ကားများကို ယာဉ်​စည်းကမ်းဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမည်​ဖြစ်​သည်​။

"​ရွှေတိဂုံဘုရားလမ်းလိုမျိုး တစ်​ခြားလမ်းမကြီး​တွေကိုလည်း တစ်​လမ်း​မောင်းစနစ်​ လုပ်​​ဆောင်သွားဖို့​ရှိပါတယ်​ ရန်​ကုန်​တိုင်း​ဒေသကြီး အစိုးရခွင့်ပြုချက်ရတာနဲ့ လုပ်​​ဆောင်​သွားမှာဖြစ်​ပါတယ်​ဟု"ရန်​ကုန်​တိုင်း​ဒေသကြီး ယာဉ်​ထိန်း ရဲတပ်​ဖွဲမှတာဝန်​ရှိသူတစ်​ဦးကဆိုသည်​။

အနော်ရထာလမ်းနှင့် ဗန္ဒုလလမ်းကြား ​ရွှေတိဂုံဘုရားလမ်းတစ်​​လျောက်​ တစ်​လမ်း​မောင်းစနစ်​ အသုံးပြုရာ၌ ယာဉ်မောင်းသူများမသိရှိသေးသဖြင့် ဝင်ရောက်မောင်းနှင်လျက်ရှိပြီး မီးပွိုင့်တာဝန်ကျ တပ်ဖွဲ့ဝင်မှ ပညာပေးလုပ်ဆောင်နေလျက်ရှိပြီး အမှတ်အသားများကိုလည်း ပြောင်းလဲ ရေးဆွဲရာတွင် ယာဉ်မောင်းသူအချို့မှာ သိရှိသူနည်းပါးနေသေး၍ နှိုးဆော်ချက်များထုတ်ပြန်ပေးနေလျက်ရှိသည်။

ခေတ်သစ်

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App