တစ်ပတ်အတွင်း စည်းကမ်းမဲ့ယာဉ်အစီးရေ တစ်သောင်းခွဲခန့် စစ်ဆေးပြီးဖြစ် ပြိုင်ကား ၁၀ စီး အပါအ၀င် အရေးယူမှုပေါင်း ၃၅၀ ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တစ်ပတ်အတွင်း စည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယာဉ်အစီးရေ တစ်သောင်းခွဲခန့် စစ်ဆေးခဲ့ပြီး ပြိုင်ကား ၁၀ စီး အပါအ၀င် စည်း ကမ်းနှင့်မညီ၍ အရေးယူခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်အထိ ရှိခဲ့ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)’မှ သတင်း ရရှိသည်။                               24
ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၅ ရက်အထိ ယာဉ် အစီးရေ ၁၄,၀၆၁ စီး စစ်ဆေးခဲ့ရာ ယင်းတို့အနက် ပြိုင်ကား ၁၀ စီး အပါအ၀င် အရေးယူခဲ့သည့် အမှု ပေါင်း ၃၅၂ မှု ရှိခဲ့ကြောင်း သိရသည်။ “စည်းကမ်းနဲ့မညီတဲ့ ယာဉ်တွေကို ဖမ်းဆီးစစ်ဆေး အရေးယူမှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အဓိကကတော့ ပြစ်မှုအကြီး ကြီးတွေ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်”ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စည်းကမ်းနှင့် ညီ ညွတ်ခြင်း မရှိသည့် ယာဉ်များအား စစ်ဆေး အရေးယူရာ၌ Taxi Box မပါခြင်း၊ တက္ကစီဘုတ်ပြား၊ နံပါတ်ပြားများ မီးမလင်းခြင်း၊ ယာဉ်မရပ်ရနေရာ များတွင် ရပ်နားခြင်း၊ မှတ်တိုင်မဟုတ်ဘဲ မောင်းနှင်ခြင်း၊ စတစ်ကာကပ်ခြင်း၊ ပိာုင်းလပ်ယာဉ်များ တွယ်စီးခြင်း အစရှိသဖြင့် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


 

Ref: Automobile

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App