အရောင်းစင်တာများ မဝယ်ခြင်းကြောင့် စလစ်အရောင်းအဝယ်ကျ

ရန်ကုန်၊ စက်တင်ဘာ (၇)

မော်တော်ယာဉ်အရောင်းအဝယ် လျော့ကျနေခြင်းနှင့်အတူ မော်တော်ယာဉ် အရောင်းစင်တာများကလည်း ယာဉ်ဟောင်းစလစ် မဝယ်ယူတော့ခြင်းကြောင့် စလစ်အရောင်းအဝယ်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းထံမှ သိရသည်.။

 

ယခင်က အရောင်းစင်တာများက စလစ်ဝယ်ယူခြင်းကြောင့် စလစ်အရောင်းအဝယ်ပုံမှန်ရှိခဲ့သော်လည်း ယခုအခါ အရောင်းအဝယ် တဖြည်းဖြည်းကျဆင်းလာကြောင်း စလစ်ဝယ်ရောင်းများထံမှ သိရသည်.။

 

“အရင်တုန်းက အရောင်းစင်တာတွေက တစ်ရက်ကို စလစ်တစ်စောင်၊ နှစ်စောင်လောက်တော့ အနည်းဆုံး ဝယ်လေ့ရှိကြတယ်။ အခုတော့ လုံးဝမဝယ်ဘူး” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်.။

 

လတ်တလော ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်သက်တမ်းပြည့် မော်တော်ယာဉ်များထဲတွင် မော်တော်ယာဉ်အကောင်းများသာ ကျန်ရှိတော့ခြင်းကြောင့် အပ်ကားလျော့နည်းသော်လည်း ယာဉ်ဟောင်းဈေးနှုန်းနှင့် စလစ်ဈေးနှုန်းမှာ ထပ်မံမြင့်တက်လာခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်.။

 

သို့သော် ကညနခွန်ရာခိုင်နှုန်းလျှော့ပေါ့ခွင့် မရရှိတော့သည့်အတွက် လက်ရှိစလစ်ဈေးနှုန်းများသည်ပင် ဈေးအမြင့်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ထပ်မံမြင့်တက်နိုင်ခြေ မရှိတော့ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင် ဦးထွဋ်ထိပ်က ရှင်းပြပြောဆိုသည်.။

 

လက်တလော စလစ်ဈေးနှုန်းသည် နှစ် ၂၀ သက်တမ်းပြည့် စလစ်တစ်စောင်လျှင် ကျပ် ၆၆ သိန်းခန့် ဈေးရှိပြီး ယင်းသက်တမ်းပြည့် ယာဉ်အိုယာဉ်ဟောင်းတစ်စီးလျှင် ကျပ် ၆၃ သိန်းခန့်ရှိကြောင်း၊ စက်မှုဇုန်ထုတ်စလစ် တစ်စောင်လျှင် ကျပ်သိန်း ၄၀ ခန့်နှင့် ယင်းမော်တော်ယာဉ်ဟောင်းတစ်စီးလျှင် ကျပ် ၄၈ သိန်းခန့်ရှိကြောင်း စလစ်ဈေးကွက်အတွင်းမှ သိရသည်.။

September 8, 2015 ထုတ် The Voice Daily မှ ကူးယူဖော်ပြသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Latest News

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »

ကားအ​ရောင်းပြခန်းများနှင့်...

Consignment 150x150

ကားအ​ရောင်းပြခန်းများနှင့်အ​ရောင်းစင်​တာများက Consigniment စနစ်​ဖြင့်တင်​သွင်းထား​သော ကားများကို စလစ်​ကပ်​ရန်​ သက်​တမ်း ၆ လတိုး​​ပေးသည်​မှာ...

Read more »

လိုင်​စင်​ ပါမစ်​မရရှိခင်​ ဆိပ်​ကမ်းသို့...

Mg 3057 copy 150x150

အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်း ၆/၂၀၁၇ ဥပ​ဒေအရပြည်​ပနိုင်​ငံများ တင်​သွင်းလာ​သော ​မော်​​တော်​ယာဉ်​များသည်​ လိုင်​စင်​ ပါမစ်​မရရှိခင်​...

Read more »

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »
Download Android App