ကားပါကင်ထောက်ခံချက်စနစ်အစား အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ ရန်ကုန်မြို့ ယာဉ်ကြော ကြပ်တည်းမှုအားဖြေရှင်းနိုင်ရန် ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဆို

carparking


ကားပါကင်ထောက်ခံချက်စနစ်တွင် အမှန်တစ်ကယ်ကားတင်သွင်းမည့် သူများမှာ နစ်နာလျက်ရှိပြီး ကားပါကင်ထောက်ခံချက်ချထားပေးရာ၌ အဆင်မပြေမှုများ များစွာဖြစ်ပေါ်နေလျက်ရှိသည်။ ကားပါကင်ထောက်ခံချက်စနစ်ကို အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ပြုလုပ်နေလျက်ရှိရာ ကောင်းမွန်သည့်စနစ်ဖြင့် အသုံးပြုနေလျက်ရှိသည်။ ကားပါကင်ထောက်ခံချက်စနစ်သည် အမှန်တစ်ကယ်ကောင်းမွန်သည့်မူဝါဒဖြစ်သော်လည်း သေချာသော ထိန်းချုပ်ကိုင်တွယ်ခြင်းမရှိသောကြောင့် မလိုအပ်သည့် အဆင်မပြေမှုများနှင့်ကြုံတွေ့နေရသည်။“ကားပါကင်ထောက်ခံချက်စနစ်ကို ဘယ်စနစ်နဲ့အစားထိုးမယ်ဆိုတာ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့ကြပ်တည်းတာကို ဖြေရှင်းနိုင်ဖို့အတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အားလုံးအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခုကို ရည်ရွယ်ပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကားပါကင်ထောက်ခံချက်နှင့် ပက်သက်သည့် စိစစ်ထုတ်ပေးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် အပြောင်းအလဲများစွာလုပ်ဆောင်နေဆဲရှိပြီး ပြည်သူအများစုကိုသာ ရည်ရွယ်၍လုပ်ဆောင်လာလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကားလောကနှင့် ပက်သက်၍လည်း တတ်သိနားလည်သော ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာကာ ကောင်းမွန်သော ပြောင်းလဲမှုကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကလောင်ရှင် - ခေတ်သစ်

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App