ယာဉ်မရပ်ရ ၂၆ နေရာတွင် ရပ်ထားသည့်ကားများကို ကားဆွဲယာဉ်ဖြင့် သယ်၍ ကားထောင်သို့ ပို့ပစ်မည်

ယာဉ်မရပ်ရနေရာအဖြစ် သတ်မှတ်ထားသော ၂၆ နေရာတွင် လိုက်နာမှုမရှိပဲ ရပ်ထားသည့်ကားများကို ကားဆွဲယာဉ်ဖြင့်သယ်ယူ၍ ကားထောင်များသို့ပို့ရန် စီစဉ်နေကြောင်း အောက်တိုဘာ ၂၈ နေ့က သတင်းရရှိသည်။

down-town-500x333

ယင်းကိစ္စကိုညှိနှိုင်းဆွေးနွေးရန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၊ ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့မှ ဦးဆောင်ဆွေးနွေးခဲ့သည်ဟု အဆိုပါအစည်းအဝေးသို့တက်ရောက်သူတစ်ဦးမှ ပြောကြားသည်။

ရန်ကုန်မြို့တွင်းခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိက လမ်းကြီးများဖြစ်သည့် ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီ၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ အင်းစိန်လမ်း၊ ဗဟိုလမ်း၊ လေးဒေါင့်ကန်လမ်း၊ သုဓမ္မာလမ်း၊ ဗညားဒလလမ်း၊ အရှေ့/ရွှေဂုံတိုင်လမ်း၊ အနောက်/ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဒုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင်လမ်းမကြီးတို့ ဖြစ်သည်ဟု သိရသည်။

ယင်းသို့တင်းကျပ်စွာအရေးယူခြင်းကို မည်သည့်အချိန်မှ စတင်မည်၊ ဒဏ်ငွေမည်မျှ သတ်မှတ်မည်ကို ညှိနှိုင်းနေဆဲဖြစ်ပြီး မကြာမီကာလတွင် အကောင်အထည်ဖော်မည်ဟု သတင်းရရှိသည်။

Auto World Journal မှကူးယူဖော်ပြသည်။

Photo credit by www.pinterest.com

 

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App