လိုင်စင်၊ ပါမစ် သက်တမ်းရက်ပေါင်း ခြောက်ဆယ်အတွင်း ကားများ မတင်သွင်းပါက သိမ်းဆည်းမည်

စက်တင်ဘာ ၁ ရက်မှ စ၍ ကားများ တင်သွင်းရန်အတွက် ပါမစ်၊ လိုင်စင် လျှောက်ထားပြီး ရက်ပေါင်း ခြောက်ဆယ် အတွင်း မတင်သွင်းပါက သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။

[caption id="attachment_387672" align="alignnone" width="580"]DEU, Deutschland, Bremerhaven. Auto Umschlagplatz Bremerhaven. Mit ueber 2 Millionen Fahrzeugen im Import und Export ist Bremerhaven fuehrend in Europa. DEU, Deutschland, Bremerhaven.
Auto Umschlagplatz Bremerhaven. Mit ueber 2 Millionen Fahrzeugen im Import und Export ist Bremerhaven fuehrend in Europa.[/caption]

ပါမစ်၊ လိုင်စင် သက်တမ်းကျော်လွန်ခြင်းအတွက် ၁ ရက်မှ ၇ရက်အထိကို ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၈ရက် မှ ၃၀ ရက်အထိကို 1/180 AV ၊ ၃၁ရက်မှ ၄၅ ရက်အထိ 1/90AV ၊ ၄၆ရက်မှ ၆၀ရက်အထိကို 1/48 AV ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး ၆၁ရက်နှင့်အထက် ကျော်လွန်ပါက လျှောက်ထားခဲ့သည် ပါမစ် ၊ လိုင်စင်များကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပါမစ်၊ လိုင်စင်များကို သက်တမ်းသုံးလပေးထားပြီး သက်တမ်းကုန်လွန်ပါက ကုန်သွယ်ရေးဌာနတွင် သက်တမ်းတိုးခြင်း ပြုလုပ်နိုင်သည်။ ထိုသို့ သက်တမ်းတိုးခြင်း အတွက် ပထမအကြိမ်တွင် နှစ်လ၊ ဒုတိယတစ်ကြိမ်တွင် တစ်လ သက်တမ်းတိုးမြှင့် နိုင်သောကြောင့် ပါမစ်တစ်စောင်၏ သက်တမ်းသည် ခြောက်လအထိရှိပြီး ဒဏ်ကြေးဆောင်ပြီး ဆောင်ရွက်မည်ဆိုပါကလည်း နောက်ထပ်နှစ်လ ရရှိမည်ဖြစ်သောကြောင့် လိုင်စင်သက်တမ်းများမှာ ကုန်ဆုံးရန် ခဲယဉ်းကြောင်း မော်တော်ယာဉ်တင်သွင်း သူများက ဆိုသည်။

“ ပါမစ်တွေကို ကြိုလျှောက်ထားပြီး ပါမစ်ရောင်းစားတဲ့သူတွေ မရှိအောင်လို့ နှစ်လကျော်တာနဲ့ သိမ်းဆည်းမယ်လို့ ပြစ်ဒဏ်သတ်မှတ်ခဲ့တာ ဖြစ်နိုင်ပါတယ်၊ ပါမစ်ဖျက်သိမ်းခံရမယ်ဆိုရင် ကိုယ်ပိုင် အကောင်ဖွင့်ပြီး ဒေါ်လာငါးထောင် ပေးထားသူတွေအတွက် ဆုံးရှုံးမှုက ကိုးသောင်းခွဲလောက်ပဲရှိပေမယ့် ဘဏ်အကောင့် မဖွင့်ဘဲ တခြားနာမည်နဲ့ တင်သွင်းမယ်ဆိုရင်တော့ သုံးသိန်းခွဲလောက် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်” ဟု မော်တော်ယာဉ်တင်သွင်းသူ ကိုကျော်သီဟက ဆိုသည်။

 

Automobile Journal မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App