ရန်ကုန်မြို့တွင်းထက် မြို့ပြင်တွင် ယာဉ်မတော်တဆမှု ပိုမိုအဖြစ်များပြီး ညအချိန် ယာဉ်မတော်တဆဖြစ်မှု ၆၁ ရာခိုင်နှုန်း အထိရှိနေ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာရေးနယ်နိမိတ် ဧရိယာအတွင်း မြို့တွင်းထက် မြို့ပြင် ဆင်ခြေဖုံး ရပ်ကွက်များ၌ ယာဉ်မတော်တဆမှုဖြစ်စဉ် ပိုမို အဖြစ်များပြားပြီး နေ့ပိုင်းထက် ညအချိန် ယာဉ်မတော် တဆဖြစ်ပွားမှုမှာ ၆၁ ရာခိုင်နှုန်း အထိ ရှိနေကြောင်း ‘အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သ တင်းရရှိသည်။Night Accident
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများ၏ ၆၁ ရာခိုင်နှုန်းမှာ ညအချိန် ဖြစ်ပွားခဲ့သည့် ပြစ်မှုများဖြစ်ပြီး ၃၉ ရာခိုင် နှုန်းမှာ နေ့ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှုဖြစ်စဉ်များ၌ မြို့တွင်းတွင် ဖြစ်ပွားသည့် နှုန်းထက် မြို့ပြင်၌ ပိုမိုများပြားသည်ဟု တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ “ယာဉ်မတော်တဆမှုတွေ ဖြစ်တဲ့နေရာမှာ ညအချိန် လူရှင်းတဲ့ အချိန်နဲ့ မြို့ပြင်တွေမှာ ဖြစ်တာများတယ်၊ မြို့ပြင်တွေမှာ ဖြစ်တာက လမ်းအနေအထား ကြောင့်ရယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား လုံလုံလောက်လောက် ချထားပေးနိုင်မှု မရှိတာရယ်နဲ့ အရှိန်ပြင်းပြင်းမောင်းနှင်မှုတွေရယ်ကြောင့် ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေ များပါ တယ်”ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ဆိုသည်။ ၂၀၁၄ ခုနှစ် နှစ်လတာ ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု အများဆုံးဖြစ်ပွား သည့် မြို့နယ်အဖြစ် မင်္ဂလာဒုံမြို့နယ်၊ ဒုတိယအများဆုံး မြို့နယ်အဖြစ် လှိုင်သာယာနှင့် မရမ်းကုန်း၊ တတိယ အများဆုံးအနေဖြင့် အင်းစိန်မြို့ နယ်တို့ ပါဝင်နေပြီး နှစ်လ တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၃၇၆ မှု၊ သေဆုံးသူ ၅၈ ဦး၊ ဒဏ်ရာရရှိသူဦးရေ ခြောက်ရာအထိ ရှိခဲ့ကြောင်း သတင်းရရှိသည်။


Ref: Automobile

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App