ခရီးသည်တင်ယာဉ် ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း လျော့ကျသွားခြင်း မရှိသေး

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များ၏ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ လျော့ကျသွားခြင်း မရှိသေးကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ’မှ သတင်းရရှိသည်။

              Bus


အဆိုပါ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် ခရီးသည်တင် ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းမှာ အဓိကအကြောင်းအရင်းဖြစ်ပြီး ယာဉ်မောင်းများ စည်းကမ်းမဲ့ မဆင် မခြင် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ယာဉ်မောင်း လိုင်စင်မဲ့များဖြင့် မောင်းနှင်ခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားကြောင်း သိရ သည်။ “ယာဉ်လုပ်သားတွေက ပြုပြင်ထိန်းသိမ်းတာတွေ၊ စစ်ဆေးမှုတွေ မပြုလုပ်ဘဲ မောင်းနှင်ကြတယ်၊ ကားအုံနာတချို့ကလည်း သူတို့ စီး ပွားရေးအတွက်ပဲကြည့်ပြီး ၂၄ နာရီ နီးပါး ကားတွေကို ပြေးခိုင်းတဲ့အတွက် ခရီးသည်တင်ယာဉ် မတော်တဆမှုက လျော့ကျမသွားဘူး၊ ယာဉ်မတော်တဆ တိမ်းမှောက်တာ တွေကလည်း ဆက်ဖြစ် နေတုန်းပဲ” ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ခရီးသည်တင်ယာဉ် မတော်တဆမှုများအနေဖြင့် ယခု မတ် ၁ ရက်မှ ၁၅ ရက်အထိ ယာဉ်မတော်တဆ မှုပေါင်း ၁၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ခုနစ်ဦးနှင့် ဒဏ်ရာရရှိသူ ၆၃ ဦး ရှိခဲ့ကာ ဇန်န၀ါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ နှစ်လခွဲကာလအတွင်း၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၆၃ မှု ဖြစ်ပွားပြီး သေဆုံးသူဦးရေ နှစ်ဆယ်နှင့် ဒဏ်ရာရရှိသူ ၂၁၁ ဦးအထိ ရှိကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။


 

Ref: Automobile

Latest News

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »

ကုမ္ပဏီလိုင်​စင်​ဖြင့်တင်​သွင်း​သော...

Industrial vehicles 150x150

ကုမ္ပဏီလိုင်​စင်​ဖြင့်တင်​သွင်းလျှက်​ရှိတဲ့ လုပ်​ငန်းသုံးကားများကို ကြိုတင်​ဝင်​​ငွေခွန်​ ကင်းလွတ်​ခွင့်ပြုမည်​ဖြစ်​တယ်​လို့...

Read more »

၁၃၀၀ စီစီကားများ တင်​သွင်းမှူမြင့်တက်​​နေရာ...

Mazda demio 2011 150x150

ဧပြီလ ၁ ရက်​မှစ၍ ၁၅၀၀ စီစီနှင့်အထက်​ စလစ်​ကပ်​ကားများကို ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံ​တော့မည်​ဖြစ်​၍ ဇန်​နဝါရီလနှင့်ဖေ​ဖော်​ဝါရီလ အတွင်း...

Read more »
Download Android App