ရွှေရောင် Bolt Gold GT-R ကားအား ရန်ပုံငွေအတွက် လေလံတင်ရောင်းမည်

ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် အသိအမှတ်ပြုခံထားရသော အပြေးသမား Usain Bolt နှင့် Nissan ကားကုမ္ဗဏီတို့ ပူးပေါင်း၍ ထုတ်လုပ်ထားသော ၂၀၁၃ ခုနှစ်ထုတ် ရွှေရောင် GT-R ကားအား online auction တစ်ခုပြုလုပ်သွားမည်ဟု သိရသည်။ အထူးသီးသန့် ထုတ်လုပ်မည့် Bolt Gold ဟုခေါ်ကြသော GT-R ကားအား eBay တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ လေလံတင်ရောင်းချသွားမည်ဖြစ်သည်။

ထိုကားအား ဈေးအများဆုံးပေးဝယ်ယူမည့်သူ၏ နေထိုင်သောနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းဥပဒေများအတိုင်း ပြုပြင်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး Nissan ကုပ္မဏီအနေဖြင့် ၂၀၁၃ခုနှစ် မတ်လတွင် လေလံအနိုင်ရသူအား ပေးအပ်သွားနိုင်ရန် စီစဉ်ထားသည်။

Usain-Bolt-special-gold-Nissan-GTR-500x280

ထိုကားကို eBay Motors တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ သို့သော် လေလံဝင်ရောက်ဆွဲလိုသူများအနေဖြင့် Nissan GT-R ကားများ တရားဝင်ရောင်းချပေးသော နိုင်ငံတွင် နေထိုင်သူများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။

usain-bolt-nissan-gtr-500x333

001-nissan-gtr-usain-bolt-500x333

ထိုလေလံတင်ရောင်းချမှုမှ ရရှိလာမည့် ပိုက်ဆံအားလုံးအား အပြေးချန်ပီယံ Usain Bolt တည်ထောင်ထားသော Jamaica နိုင်ငံရှိ ကလေးများနှင့် ငယ်ရွယ်သူများ၏ ပညာရေးနှင့် ယဉ်ကျေးမှု ထောက်ပံ့ရေးဖောင်ဒေးရှင်းဖြစ်သည့် Usain Bolt Foundation သို့လှူဒါန်းသွားမည်ဖြစ်သည်။

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App