Blind Spot ကြောင့် အန္တရာယ်မဖြစ်စေရန်

Blind Spot ဆိုတာ ယာဉ်မောင်းနှင်နေစဉ်မှာ ယာဉ်မောင်းသူအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ ကားနောက်ကြည့်မှန်များမှဖြစ်စေ ရုတ်တရက်မမြင်နိုင်တဲ့နေရာဖြစ်ပါတယ်.။ အောက်မှာပြထားတဲ့ ပုံမှာ ကားအပြာမောင်းနှင်သူဟာ နောက်ကြည့်မှန်များမှ ကြည့်ရှုမယ်ဆိုရင် ကားအစိမ်းရောင်ကို မြင်နိုင်ပေမယ့် ကားအနီရောင်ကို မမြင်နိုင်ပါဘူး.။ ဒါကြောင့် နောက်ကြည့်မှန်ကိုပဲကြည့်ပြီး ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ရင်၊ သို့မဟုတ် ချိုးကွေ့လိုက်မိရင် ယာဉ်တိုက်မှု ဖြစ်နိုင်ပါတယ်.။

528px-Blindspot_three_cars_illus.svg

 

အောက်ပါပုံမှာဆိုရင်လဲ ကားအနီမောင်းနှင်သူဟာ လမ်းကွေ့မှထွက်လာတဲ့ ကားအပြာကို မမြင်နိုင်ပါဘူး.။ ဒါကြောင့် ရုတ်တရက်လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင် ယာဉ်တိုက်မှုဖြစ်ဖို့ သေချာသလောက်ပါပဲ.။

blindspot

 

 

ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြရာမှာ ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေက Blind Spot Detection System တွေ တပ်ဆင်လာကြပါတယ်.။ Blind Spot ကို မြင်နိုင်တဲ့ ကင်မရာတပ်ဆင်ခြင်း၊ အာရုံခံစနစ်တပ်ဆင်ခြင်း အစရှိတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းလာကြပါတယ်.။ ဒါပေမယ့် ဒီလိုစနစ်တွေဟာ မော်ဒယ်အမြင့်ကားတွေမှာသာ တပ်ဆင်ပါဝင်တတ်ကြပြီး ဈေးလဲကြီးပါတယ်.။
ဒီလိုစနစ်မျိုးတွေမတပ်ဆင်လိုသူတွေအတွက်တော့ အောက်ပါပုံမှာပြထားတဲ့အတိုင်း အပြင်ဘက်က နောက်ကြည့်မှန်တွေကို ချိန်ဆပြီး Blind Spot ကို မြင်နိုင်စွမ်းရှိအောင် ပြောင်းလဲချိန်ညှိနိုင်ပါတယ်.။

cleanup-blindspots-photo-519796-s-original

Fig (1) မှာပြထားတဲ့အတိုင်း ချိန်ညှိမယ်ဆိုရင် Blind Spot ထဲရောက်နေတဲ့ အနီရောင်ကားကို မြင်နိုင်မှာဖြစ်ပါတယ်.။ တော်တော်များများကတော့ ပုံမှန်ချိန်နေကျအတိုင်း Fig (2) အတိုင်းပဲ ချိန်တတ်ကြပါတယ်.။ ဒီအခါ ကိုယ့်ကားရဲ့ ဘော်ဒီကိုမြင်နိုင်ပေမယ့် Blind Spot ထဲက ကားအနီရောင်ကို မမြင်ရတော့ပါဘူး.။ Fig (4) မှာပြထားတဲ့အတိုင်း ချိန်မယ်ဆိုရင် အစိမ်းရောင်ကားဟာ မူလနောက်ကြည့်မှန်ထဲက ထွက်သွားပြီး Blind Spot ထဲ ရောက်ရှိသွားတာနဲ့ တန်းပြီးမြင်နိုင်ပါတယ်.။ Fig (5) မှာ ပြထားတဲ့ ပုံမှန်ချိန်နေကျအတိုင်းသာ ချိန်ညှိထားမယ်ဆိုရင်တော့ မူလနောက်ကြည့်မှန်က မြင်ရတာရဲ့ နည်းနည်းလေးပဲ ပိုပြီး မြင်နိုင်မှာဖြစ်ပါတယ်.။

ဒီလိုချိန်ညှိခြင်းမှာ ပုံမှန်မြင်နေကျအတိုင်း ကိုယ့်ကားရဲ့ ဘော်ဒီကို မမြင်ရတော့တဲ့အတွက် အနည်းငယ်အသားမကျဖြစ်တာကလွဲရင် အခြားဘာပြဿနာမှမရှိတဲ့အပြင် ယာဉ်တိုက်မှုဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ကိုလဲ ကာကွယ်ပြီးဖြစ်တဲ့အတွက် MyanmarCarsDB ပရိသတ်များ အန္တရာယ်ကင်းရှင်းစေရန် တင်ပြပေးလိုက်ပါတယ်.။

Aung Mon Chan
No. 1 Car Site in Myanmar
www.myanmarcarsdb.com

Latest News

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »

၁၉၉၅ မိုဒယ်ေ​အာက် ​ခရီးသည်​ ယာဉ်​များဖြစ်​​သော...

Bm bus 150x150

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့် ၁၉၉၅ မိုဒယ်​​အောက်​ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော စီတီးဘတ်​၊ဘီအမ်​၊ဒိုင်​နာယာဉ်​များကို ၃ လအထိ...

Read more »

ယနေ့ (၁၁.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၀ သိန်း ဝန်းကျင် ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၇၀.၃ ကျပ်) ကညန...

Read more »

တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျို...

Industrial vehicle 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်ပက ကားတင်သွင်းရာ​​​တွင်​ တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျိုးအစားအလိုက်​CIF တန်​ဖိုးထုတ်​ပြန်​​ပေးမှာဖြစ်​​သော်​လည်း...

Read more »
Download Android App